Miss Juneteenth (2020)



Rating : 5.7/10
Country : United State
Genre : Drama
Cast : Nicole Beharie, Kendrick Sampson, Alexis Chikaeze 
Released Date : 2020
Duration : 1h 39min

အညွှန်း
ပထမဦးဆုံး Juneteenth ဆိုတာက 1865 ခုနှစ်က အမေရိကန် Texas မှာရှိတဲ့ ကျွန်တွေအားလုံးကို လွတ်လပ်ရေးပေးလိုက်တဲ့နေ့ဖြစ်ပါတယ် June လ 19 ရက်နေ့ဟာ Juneteenth ( June + nineteenth ) ဖြစ်ပါတယ် ဒီဇာတ်လမ်းထဲက ဇာတ်လိုက်အမျိုးသမီးဟာ Miss Juneteenth အဖြစ် အနိုင်ရရှိဖူးသူတစ်ယောက်ဖြစ်ပါတယ် နှစ်စဉ်နှစ်တိုင်း ပညာသင်ဆုပေးဖို့အတွက် ငယ်ရွယ်သူအမျိုးသမီးတွေထဲကတစ်ယောက်ကို ရွေးချယ်လေ့ရှိပါတယ် Miss Juneteenth ရရှိခဲ့ဖူးတဲ့ တာကို့စ်ဟာ သူ့ရဲ့သမီးလေးကိုလည်း သူ့လိုပဲ Miss Juneteenth သရဖူရရှိစေချင်သူပါ။ ငွေကြေးမတတ်နိုင်တဲ့ကြားက အပင်ပန်းခံ ငွေကုန်ခံပြီး သမီးဖြစ်သူ ဒီဆုကို ဆွတ်ခူးနိုင်ဖို့ အဖက်ဖက်က ကြိုးစားပါတော့တယ်။ ဒါပေမယ့် သမီးဖြစ်သူက အကကိုပဲ ဝါသနာပါတဲ့သူဖြစ်ပြီး Miss Juneteenth ဖြစ်ဖို့ စိတ်အားထက်သန်ခြင်းမရှိပါဘူး။ လေ့ကျင်စဉ်ကာလမှာလဲ ဘာမှမလေ့လာဘဲ အလွဲလွဲအချော်ချော်တွေ လုပ်ပါသေးတယ်။ မိခင်ဖြစ်သူကကျ အကကို လုံး၀အားမပေးပြန်ပါဘူး။ ဒီတော့ မိခင်ဖြစ်စေချင်တဲ့အတိုင်း သမီးဖြစ်သူဟာ Miss Juneteenth ဖြစ်လာပါ့မလား ….. ဒီကားလေးမှာ မိခင်တစ်ယောက် မိန်းမတစ်ယောက်အနေနဲ့ မိသားစုအတွက် ကိုယ်တိုင်အတွက် ရုန်းကန်လှုပ်ရှားရပုံတွေသာမက လူမည်းတွေရဲ့ ဘ၀ကိုလဲ တွေ့မြင်ရမှာပါ … June လလဲ မကုန်သေးတဲ့အတွက် June လရဲ့ အမှတ်ရစရာနေ့တစ်နေ့အကြောင်း ရိုက်ကူးထားတဲ့ Juneteenth ကို အခုချိန်ကြည့်မယ်ဆို ပိုပြီး ကြည့်လို့ကောင်းမယ်ထင်ပါတယ်

0 comments:

Post a Comment