Kadakh (2020)



Rating : 6.8/10
Country : India
Genre :  Comedy, Drama, Thriller 
Cast : Rajat Kapoor, Kalki Koechlin, Mansi Multani
Released Date : 2020
Duration : 1h 24min

အညွှန်း
လူတွေရဲ့သဘာဝကို အဓိကရိုက်ပြထားတဲ့ ရုပ်ရှင်ပါ။

ဇာတ်လမ်းမှာတော့ ဆူနီ ဆိုတဲ့ လူကို လူတစ်ယောက်က လာတွေ့ခဲ့တာနဲ့ပက်သက်ပြီး အစပြုခဲ့တာပါ။ အဲ့လူက အခြားလူမဟုတ်ပါဘူး။

သူဖောက်ပြန်ခဲ့ မိန်းမရဲ့ ယောကျာ်းပါ။ ပိုဆိုးတာက သူ့သူငယ်ချင်းရဲ့ အရေးကြီးပုဂ္ဂိုလ်တစ်ယောက်လည်းဖြစ်နေခဲ့ပါတယ်။

အဲ့လူဟာ သူ့ကိုတွေ့ပြီး သူ့မိန်းမနဲ့ ပက်သက်ခဲ့တဲ့အကြောင်းစုံကို မေးပြီးတဲ့နောက်မှာ သေနတ်ဖြင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ပါတယ်။

မကြာခင်မှာပဲ ဆူနီရဲ့မိန်းမ ပြန်ရောက်လာခဲ့ပါတယ်။

ဆူနီက သူ့မိန်းမကို အကြောင်းစုံ ပြောပြပြီး အလောင်းကို ပြခဲ့ပေမယ့်လည်း သူဖောက်ပြန်ခဲ့တဲ့ မိန်းမရဲ့ယောကျော်းဆိုတာကိုတော့လျှို့ဝှက်ထားခဲ့ပါတယ်။

အဲ့ဒီနေ့ဟာ တိုက်တိုက်ဆိုင် ဒေဝါလီနေ့ ဖြစ်နေခဲ့တာပါ။ သူတို့ရဲ့ သူငယ်ချင်းမိသားစုတွေအမျိုးတွေအသိတွေအားလုံး အိမ်ကိုတဖြည်းဖြည်းချင်းရောက်ချလာပါတော့တယ်။

ဒီလိုနဲ့ သူတို့အိမ်မှာ အလောင်းရှိတယ်ဆိုတာ သိသွားကြမလား။ ဆူနီရဲ့ မိန်းမနဲ့ သူ့သူငယ်ချင်းတွေဟာ သေသွားတဲ့လူရဲ့ သရုပ်မှန်အစစ်ကိုပါ သိသွားတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာသိချင်ရင်တော့ ကိုယ်တိုင်သာကြည့်ရှုလိုက်ပါနော်။

ဒါ့အပြင် ကြည့်ရှုမယ်ဆိုရင် တခြားပြစ်မှုဇာတ်လမ်းတွေနဲ့ ကွဲပြားတဲ့ရသကိုပါ ခံစားရစေမှာပါ။

0 comments:

Post a Comment