Dredd (2012)



Rating : 7.1/10
Country : United State
Genre :  Action, Crime, Sci-Fi 
Cast : Karl Urban, Olivia Thirlby, Lena Headey
Released Date : 2012
Duration : 1h 35min

အညွှန်း
၂၂ ရာစုမှာ မြောက်အမေရိကဟာ နျူးကလီးယား စစ်ပွဲတွေကြောင့် ပျက်စီးခဲ့ပြီး လွင်ပြင်လိုဖြစ်ခဲ့ပါတယ်။ အဲ့ဒီ လွင်ပြင်တွေထဲမှာ ရေဒီယို သတ္တိကြွတာတွေ ဖြစ်ပေါ်ခဲ့ပြီး အဲ့နေရာတွေမှာ Megacities တွေ ပေါ်ပေါက်လာခဲ့ပါတယ်။

အဲ့ မြို့တွေထဲမှာ အကြီးမားဆုံးက Megacity One ဖြစ်ပြီး အရှေ့ကမ်းရိုးတန်းမှာ တည်ရှိနေတာ ဖြစ်ပါတယ်။ Megacity One မှာ လူဦးရေ သန်း ၈၀၀ ကျော်ရှိပြီး နေ့စဉ် ရာဇ၀တ်မှုပေါင်း ၁၇၀၀၀ ကျော် ရှိနေပါတယ်။ ရာဇ၀တ်မှုတွေကို ထိန်းချုပ်ဖို့ အတွက် တရားစီရင်ရေး ခန်းမ ရှိပြီး အမျိုးသား တရားသူကြီးနဲ့ အမျိုးသမီး တရားသူကြီး နှစ်ယောက်က တရားတွေကို စီရင်ရပါတယ်။

သူတို့ နှစ်ယောက်နဲ့ ဂျူရီ လူကြီးတွေက လိုအပ်ရင် သတ်မိန့်အထိ ပြစ်ဒဏ်စီရင်ခွင့်ရှိပါတယ်။ ပုံမှန်နေ့တွေလိုပဲ တရားသူကြီး Dredd က ရဲ အရာရှိတစ်ယောက်ကို စစ်ဆေးဖို့ ရှိနေပါတယ်။ နောက် Anderson ဆိုတဲ့သူက မျိုးရိုးဗီဇ ပြောင်းလဲ မှုတွေကြောင့် သူ့မှာ စိတ်ဖတ်နိုင်တဲ့ စွမ်းအင် ရှိပါတယ်။

တစ်နေ့ Dredd နဲ့ Anderson က လူသတ်မှုကို စစ်ဆေးဖို့ သွားရင်း မူးယစ်ဆေးဝါး ပိုင်ရှင် MaMa နဲ့ သူ့ရဲ့ အကြမ်းဖက် အုပ်စုတွေက ထိန်းချုပ်ထားတဲ့ Peach Trees လို့ခေါ်တဲ့ အထပ်ပေါင်း ၂၀၀ရှိတဲ့နေရာကို ရောက်သွားပါတယ်။

Megacity One က မူးယစ်ဆေးဝါးတွေ ပျံ့နှံ့နေပြီး အဲ့ မူးယစ်ဆေးဝါးတွေကို MaMa က ထုတ်လုပ်ရောင်းချနေတာ ဖြစ်ပါတယ်။ Dredd တို့ စုံစမ်းတဲ့ လူသတ်မှုဟာ မူးယစ်ဆေးနဲ့ ဆက်နွယ်နေတဲ့ အတွက် သူတို့က မူးယစ်ဆေး ရောင်းတဲ့ နေရာကို ၀င်တိုက်ပြီး အဲ့နေရာက လူတွေကို ဖမ်းဆီး ခေါ်ဆောင်သွားဖို့ လုပ်ပါတယ်။

သူတို့ ဖမ်းထားတဲ့ လူတွေထဲမှာ MaMa ဂိုဏ်းက လူပါနေတဲ့ အတွက် MaMa ဟာ သူ့လူတွေကို ခေါ်သွားလို့မရအောင် Peach Trees တစ်ခုလုံးကို တံခါးတွေအကုန်ပိတ်လိုက်ရုံမက ဆက်သွယ်မှုတွေပါ ဖြတ်တောက်လိုက်ပြီး Dredd နဲ့ Anderson တို့ကို သတ်ခိုင်းပါတော့တယ်။ အဲ့တော့ Dredd နဲ့ Anderson တို့ ဘာတွေ ဆက်လုပ်ကြမလဲ။ သူတို့ Peach Trees ကနေ လွတ်မြောက်အောင် ဘယ်လိုတွေ လုပ်ကြမလဲ လွတ်ရော လွတ်မြောက်နိုင်ပါ့မလားဆိုတာကို စိတ်၀င်စားဖွယ် ကြည့်ရမယ့် ကားကောင်းလေးပါ …

0 comments:

Post a Comment