Death Bell 2: Bloody Camp (2010)

Rating : 5.0/10
Country : Korea
Genre :  Horror, Thriller 
Cast : Ah-Jin Choi, Jeong-eum Hwang, Chang-Wook Ji
Released Date : 2010
Duration : 1h 24min

 ဒီကားကတော့ အရင် Death bell 1 နဲ့ပုံစံဆင်တူတဲ့ ကျောင်းသားလူသတ်ကားလေးပါပဲ ။
ဆရာမအသစ်လေးတစ်ယောက် ကျောင်းမှာ အစမ်းခန့်အနေနဲ့ အလုပ်စဝင်ခဲ့ပါတယ်
သူအလုပ်စဝင်ပြီး အစမ်းခန့်ပါလ တစ်လပဲကျန်တော့တဲ့အချိန်မှာ အဆင့်တစ်ကနေ သုံးဆယ်အတွင်းဝင်တဲ့ ကျောင်းသားတွေအတွက် နွေရာသီအထူးတန်းစတင်သင်ကြားခဲ့ပါတော့တယ် ။ထူးဆန်းတဲ့ဖြစ်ရပ်တွေက အဲ့နေ့ညမှာပဲ စတင်ခဲ့ပါတယ်
အဖွဲ့လိုက်အနိုင်ကျင့်မှုသေဆုံးခဲ့ရတဲ့ မိန်းကလေးတစ်ယောက်အတွက် ပြန်ပြီးလက်စားချေမှုတွေစတင်လာခဲ့တာပါ …
‘မိခင်ဖြစ်သူက အပြစ်မရှိဘဲသေသွားခဲ့ရင် သားဖြစ်သူက လက်စားမချေပဲနေပါ့မလား’ ဆိုတဲ့စကားအတိုင်း ဘယ်လိုမျိုးလက်စားချေမလဲ …
အနိုင်ကျင့်တဲ့အဖွဲ့ကရော ဘယ်လိုမျိုးဇာတ်သိမ်းရမလဲ
လက်စားချေတဲ့လူကရော မိန်းကလေးနဲ့ဘယ်လိုပက်သက်ပြီးဘယ်သူဖြစ်နိုင်မလဲဆိုတာ စိတ်ဝင်တစားနဲ့စောင့်ကြည့်ကြပါဦး ။
အားလုံးရဲ့အချစ်တော် မင်းသား Ji Chang Wook လေးပါဝင်ထားပါတယ်နော်

0 comments:

Post a Comment