Darkness Falls (2020)



Rating : 4.2/10
Country : United State
Genre :  Crime, Drama, Thriller 
Cast : Shawn Ashmore, Gary Cole, Daniella Alonso
Released Date : 2020
Duration : 1h 24min

အညွှန်း
မှုခင်းဇာတ်ကြမ်းတွေကြိုက်တဲ့သူတွေအတွက် ဒီဇာတ်ကားလေးကိုညွှန်းပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ ကွင်းဆက်လူသတ်မှု ပေါ်မှာ အခြေခံထားတာပါ။

ဇာတ်လမ်းမှာတော့ ဂျက်ဖ်ဆိုတဲ့ စုံထောက်မှာမိန်းမနဲ့ သားလေး ရှိပါတယ်။ တစ်နေ့မှာ သူ့မိန်းမကို ကွင်းဆက်လူသတ်သမားက သတ်လိုက်ပါတယ်။

သို့သော်လည်း ဒီလူသတ်သမားတွေဟာ သေကြောင်းကြံစည်မှုပုံစံ လုပ်ပြီးသတ်ခဲ့တော့ အစနမရှိဘဲ အမှုကပိတ်သွားခဲ့ပါတယ်။

သူ့မိန်းမဟာ ဘယ်တော့မှ သတ်သေမှမဟုတ်ဘူးလို့ ယုံကြည်နေတဲ့ဂျက်ဖ် တစ်ယောက်ဟာ ဒီအမှုကို တိတ်တဆိတ် လိုက်လံစုံစမ်းပါတော့တယ်။

အစကတော့ ဘယ်သူမှသူ့ကိုမယုံကြည်ပေးခဲ့ကြပါဘူး။ တစ်နေ့မှာတော့ အလားတူအမှုမျိုး ဖြစ်လာခဲ့ပါတယ်။

ကံကောင်းစွာနဲ့ နစ်နာသူဟာ အသက်ရှင်ခဲ့ပြီး ဘယ်လိုပုံစံမျိုးနဲ့သတ်လဲဆိုတာ သက်သေထွက်ဆိုပေးခဲ့ပါတယ်။

အဲ့တော့မှ သူ့ကို ယုံကြည်ကြပြီး အဲ့အမှုကို ဆက်လိုက်ရာမှာ ဘယ်လိုတွေကြုံတွေ့ရမလဲ…..။လူသတ်သမားကိုရော ရှာဖွေနိုင်မလား နဲ့ ဘာတွေ ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာ အတော့်ကိုစိတ်ဝင်စားစရာပါပဲ။

Drama နဲ့ Thriller အမျိုးအစားအပါအဝင်ဖြစ်လို့ သွေးထွက်သံယိုတွေအနည်းတော့ရှိပါတယ်။ ကြည့်ရှုမယ်ဆိုရင် တကယ်ကိုစိတ်လှုပ်ရှားစရာကောင်းပြီး ကြည့်ရတာနဲ့တန်မှာ အသေချာပါပဲ

0 comments:

Post a Comment