Chippa (2019)



Rating : 6.2/10
Country : India
Genre : Drama
Cast : Shayan Ahmed, Masood Akhtar, Syed Aiman Ali 
Released Date : 2019
Duration : 1h 30min

အညွှန်း
ဒရာမာဇာတ်လမ်းကောင်းလေးနဲ့ မိတ်ဆက်ပေးပါ‌ရစေ.ငယ်ငယ်တည်းက အမေဖြစ်သူက ဆုံးပါးသွားပြီးအဖေဖြစ်သူကလဲ နောက်အိမ်ထောင်နဲ့
ရှောင်ပြေးသွားတာကြောင့် ချီပါလေးဟာအဒေါ်ဖြစ်သူနဲ့ နေထိုင်ခဲ့ရပါတယ်.သူ၁၀နှစ်ပြည့် မွေးနေ့မှာတော့ သူ့အဖေဆီကစာတစ်စောင်ကိုမထင်မှတ်ပဲ ရရှိခဲ့ရပါတယ်.အဲ့စာဟာ အူရဒူစကားနဲ့ရေးထားပြီး သူနားမလည်လို့ဖတ်တတ်မယ့်လူကို ရှာချင်တာက တကြောင်းအမြဲဆူ‌ပူကျိန်းမောင်းနေတဲ့ သူ့အဒေါ်နဲ့မနေချင်တာကလဲတကြောင်းကြောင့် သူဟာ အိမ်က ထွက်ပြေးလာခဲ့ပါတယ်.သူရဲ့တကိုယ်တော် ရှာပုံတော်ခရီးမှာ လူကောင်းရောလူဆိုးရောနဲ့ တွေ့ခဲ့ပြီး နောက်ဆုံးမှာအူရဒူစကားတတ်တဲ့လူနဲ့ တွေ့ပြီး သူ့စာကိုဖတ်နိုင်သွားလားဆိုတာကို စိတ်၀င်စားဖွယ်နဲ့ ရသမျိုးစုံပါအောင်ရိုက်ပြထားနိုင်တဲ့ ဒရာမာဇာတ်ကားလေးပါ.ချီပါလေးရဲ့ စကားတတ်ပုံနဲ့သနားစရာပုံစံလေးကြောင့်ရုပ်ရှင်ချစ်သူတို့ နှစ်သက်မယ်လို့ ထင်ပါတယ်.ကြည့်ရှူခံစားပေးပါဉီးဗျာ.

0 comments:

Post a Comment