Chaman Bahaar (2020)



Rating : 7.3/10
Country : India
Genre :  Drama
Cast : Jitendra Kumar, Ritika Badiani, Bhuvan Arora 
Released Date : 2020
Duration : 1h 51min

အညွှန်း
ဒီဇာက်ကားလေးဟာ IMDB rating 7.3ရရှိထားတဲ့ Drama ဇာတ်ကားလေးဖြစ်ပါတယ်…ဇာတ်လမ်းအကျဥ်း ဘိလ်လူးရဲ့အဖေဟာသစ်တောထိန်းသိမ်းရေးဌာန DFO ကအရာရှိကြီးရဲ့လက်ထောက်အဖြစ်အလုပ်လုပ်ပါတယ်။ဘိလ်လူးကတော့အဲ့ဒီအလုပ်ကဘာမှနာမည်မရတာကြောင့်ကိုယ်ပိုင်စီးပွားရေးတစ်ခုထူထောင်မယ် ဆိုပြီးခပ်တည်တည်ပဲ ကွမ်းယာဆိုင်ဖွင့်လိုက်ပါတယ်….
သူ့ရဲ့ကွမ်းယာဆိုင်ဖွင့်ပြီးမကြာခင်မှာပဲပြည်နည်နယ်နိမိတ်ပြောင်းလဲသတ်မှတွချက်တွေနဲ့လမ်းကြောအသွားအလာတွေပါပြောင်းလဲကုန်ပါတယ်။သိပ်မကြာခင်မှာပဲသူရောင်းတဲ့ကွမ်းယာဆိုင်ရှေ့ကလမ်းတစ်ဖက်ခြမ်းကို အငယ်တန်းအင်ဂျင်နီယာမိသားစုတစ်စုပြောင်းရွှေ့လာကြပါတယ်။အဲ့ဒီမိသားစုထဲမှာကောင်မလေးတစ်ယောက်လဲပါခဲ့လေရဲ့..ဒီကောင်မလေးကလည်း ခင်ဗျားတို့ ချစ်သူနီးပါး လှလေတော့လူပျိုလှည့်မယ့်ကောင်တေွ တစ်ဝုန်းဝုန်းပေါ့…ဒီလိုလှည့်ရင်း အနီးနားက ဘိလ်လူးကွမ်းယာဆိုင်က အကောင်းဆုံး တည်းခိုရာ ဖြစ်နေလေရဲ့..ကွမ်းယာဆိုင်အတွက်တော့ ရောင်းအားတွေထိုးတက်ကုန်တာပေါ့…ဒါပေမဲ့ ဘိလ်းလူးက  အပြည့်အဝမပျော်နိုင်ရှာဘူး..ဘာလို့ဆို ဒီကောင်မလေးကို သူလည်း သိပ်ကြွေနေခဲ့ပြီကိုး…ကိုင်း ကွမ်းယာသည်ကောင်လေး သူချစ်တဲ့ကောင်မလေးကို ရနိုင်မလား …သူ့အတွက်ရော ဘယ်လို အခက်အခဲမျိုးစုံကြုံရမလဲဆိုတာကိုတော့ခံစားကြည့်ကြပါဦီး…

0 comments:

Post a Comment