Your Honor (2018)

16 Episodes

Rating : 8.2/10
Country : South Korean
Genre : Comedy,Law Romance,Drama
Cast : Yoon Shin Yoon,Lee Yoo Young,Nara,Park Byung Eun

ဟာသကားတွေ romance ကားတွေဆက်နေတော့
ရင်ဖိုစိတ်လှုပ်ရှားစရာကောင်းမဲ့ဥပဒေအကြောင်းတွေပါတဲ့
တရားသူကြီးကားလေး တင်ဆက်ပေးလိုက်ရပါတယ်
အဓိကသရုပ်ဆောင်များအနေနဲ့
Grand Prince,The Best Hitsထဲက
မင်းသားချော Yoon Shi Yoon
မကြာသေးခင်ကချစ်သူဆုံးလို့အနုပညာရပ်နားနေခဲ့ရာမှ
တကျော့ပြန်သရုပ်ဆောင်လာတဲ့ Tunnel ထဲက
မင်းသမီးလေး Lee Yoo Young
Suspicious Partnerထဲက
မင်းသမီးချော Kwon Na Raအပြင်
Park Byung Eun,Sung Dong II,
Heo Ji Wonတို့အဓိပါဝင်ထားကြပါတယ်

--------------------<ဇာတ်လမ်းအကျဉ်း >----------------------
ဟန်ကန်ဟို နဲ့ ဟန်ဆူဟို ရုပ်ချင်းခွဲမရအောင်ဆင်တဲ့အမွှာနှစ်ယောက်
အမွှာဆိုပေမယ့် စိတ်ဓာတ်ကတခြားဆီပါ
သူတို့နှစ်ယောက်ရန်ဖြစ်တိုင်း အမေဖြစ်သူက
အကိုဟန်ဆူဟိုကိုသာဦးစားပေးပြီး ဟန်ကန်ဟိုသာရိုက်ခဲ့တယ်
အမေ့ကိုအရွဲ့တိုက်ချင်စောနဲ့သူဟာဆိုးဆိုးပေပေနေခဲ့ပြီး
တရားမဝင်တာတွေလုပ်ကာ
ထောင်ထဲဝင်လိုက်ထွက်လိုက်ဖြစ်နေတဲ့သူ
ဟန်ဆူဟို ဉာဏ်အရမ်းကောင်းလွန်းပြီး ဖြေသမျှစာမေးပွဲတိုင်းမှာ
တနိုင်ငံလုံးပထမရတဲ့အထိတော်တဲ့သူ
တကိုယ်ကောင်းသမား ကိုယ့်အကျူ ိးအတွက်ဆို
မိသားစုဝင်အချင်းချင်းတောင်ချနင်းတတ်တဲ့သူ
တရားသူကြီးအဖြစ်လုပ်ကိုင်တဲ့အခါ အမြတ်စားပြီး
ဥပဒေကိုမျက်ကွယ်ပြုသူတစ်ယောက်ပေါ့

ဆောင်းဂျီဟွန်း ထက်ထက်မြက်မြက်
သွက်သွက်လက်လက်နေသူလေး
ကျောင်းသူဘဝမှာ သူ့အမမုဒိန်းကျင့်ခံခဲ့ရတယ်
အကျင့်ပျက်ခြစားတဲ့တရားသူကြီးကြောင့်
မုဒိန်းကောင်လွတ်သွားခဲ့တယ်
ဒီစိတ်နဲ့စိတ်ဓာတ်ကျကာသူ့အမသတ်သေခဲ့တယ်
ထိုအချိန်မှစကာ အမှန်တရားအတွက်
ရပ်တည်ပေးရမယ်တဲ့တရားသူကြီးတစ်ယောက်ဖြစ်ချင်တဲ့သူ

တစ်နေ့ ဟန်ဆူဟို လာဘ်စားလို့ မတရားခံခဲ့ရတဲ့သူဟာ
ဟန်ဆူဟိုကိုလက်တုန့်ပြန်ဖို့ဖမ်းဆီးသွားခဲ့တယ်
ဟန်ကန်ဟို တစ်ယောက် လူတစ်ယောက်ရိုက်နှက်မိလို့
အကိုဖြစ်သူ ဟန်ဆူဟိုထံအသနားခံဖို့ရောက်လာခဲ့တယ်
တရားရုံးက သူတွေက ဟန်ကန်ဟို ကို ဟန်ဆူဟို အမှတ်နဲ့
တရားရေးစီရင်ခိုင်းတဲ့အခါမှာတော့.....
ဘာတွေဆက်ဖြစ်လာမလဲ....
ကန်ဆူဟိုကကော ပြန်လာနိုင်မှာလားဥပဒေမျက်ကွယ်ပြု
အကျင့်ပျက်ချစားသူများအကြောင်းကို
ကြည့်ရှုရမယ့်ကားကောင်းလေးပါ

0 comments:

Post a Comment