50 Episodes
Rating : 7.5/10
Country : South Korean
Genre : Comedy,Romance,Drama,Family
Cast : IU,Lee Mi Sook,Jo Jung Suk
ခက်တာက ဒီဇာတ်လမ်းတွဲက ကိုးရီးယားဆိုတော့ မြန်မာ(ပေါ)ကားလောက်တော့ ဘယ်ရိုးစင်းမလဲပေါ့နော်.....မိသားစုတစ်စုမှာ အဖေဆိုတဲ့အိမ်ထောင်ဦးစီးမရှိတော့အခါ ကျန်ခဲ့တဲ့ မိန်းမနဲ့သားသမီးတွေ ဖရိုဖရဲဖြစ်ကြရသလို သားသမီးတွေဘ၀ဟာလဲ အနည်းအများ ထိခိုက်ကုန်တယ်ဆိုတာ ဇာတ်လမ်းထဲမှာဖော်ပြထားတယ်၊ ယောကျာ်းမရှိတဲ့မိန်းမတယောက် ရုန်းကန်ရပုံတွေ၊မာင်နှမတွေကြားပရိပက္ခဖြစ်ပုံတွေ၊ ပျော်ရွှင်မှုတွေ ၀မ်းနည်းမှုတွေ ကြည့်ရှုခံစားရမှာဖြစ်သလို ဘ၀မှာ အဆိုးတွေပဲရှိတာမဟုတ်ပဲ အကောင်းတွေကြုံလာနိုင်တယ်ဆိုတာလဲမြင်တွေ့ရမဲ့ဇာတ်လမ်းဖြစ်ပါတယ်၊ လူငယ်တွေရဲ့အချစ်ကြောင်းလေးတွေနဲ့ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာ မိသားစုက မိသားစုပါပဲဆိုတာတွေလဲ ခံစားမိစေတယ်၊ အချိန်ကုန်ခံ ကြည့်ရကျိူးနပ်မယ့်ဇာတ်လမ်းလေးဖြစ်လား မဖြစ်လား ကြည့်ရှုလိုက်ကြပါဦး။
MyDramaList မှာ rating 7.5 ရရှိထားပြီး cast တွေများစွားလဲပါ၀င်ထားပါတယ်။အပိုင်းအရေအတွက် (၅၀)ပိုင်း ပါ၀င်ပါတယ်။
0 comments:
Post a Comment