Yong Pal (2015)

18 Episodes

Rating : 7.9/10
Country : South Korean
Genre : Action,Romance,Drama,Medical
Cast : Joo Won,Kim Tae Hee,Jo Hyun Jae,Chae Jung Ahn

2015 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ယွန်ပယ် ဆိုတဲ့ ဒီဇာတ်လမ်းတွဲဟာ

ပြသချိန်တုန်းက ကိုရီးယားနိုင်ငံ လူကြည့်အများဆုံး ရုပ်သံဇာတ်လမ်းတွဲအဖြစ် ရပ်တည်နိုင်ခဲ့ပြီးတော့

အောင်မြင်မှုလည်းတစ်ဟုန်ထိုးရရှိခဲ့ပါတယ်..Seoul မှာ rating 21 .9% ကျော်ရခဲ့တဲ့ အပြင် Viki မှာလည်း

9.1 ရထားခဲ့ပါတယ် Best excellence actress , Grand Prize နဲ့ Best Couple awards တွေအပြင်

ဇာတ်ပို့တွေပါ ဆု ရခဲ့ပြီး 2015 ရဲ့ ဆုများစွာကို သိမ်းပိုက်ခဲ့တဲ့ drama လေးပါ

ဇာတ်လမ်းအမျိုးအစားကတော့ ဆေးလောက နောက်ခံ

အပြင် ရာဇဝတ်မှု တွေ..နေရာလုပွဲတွေ..သည်းထိတ်ရင်ဖိုစွန့်စားခန်းတွေနဲ့အတူ ကြည်နူးဖွယ်ကောင်း

တဲ့အချစ်ဇာတ်လမ်းလေးနဲ့ပါ ဇာတ်အိမ်ရောထွေးတည်ထားပြီး သိပ်ကိုကောင်းတဲ့ဇာတ်လမ်းတွဲဖြစ်ပါတယ်

ဒီဇာတ်လမ်းတွဲမှာအဓိကသရုပ်ဆောင်တွေကတော့ ယွန်ပယ်အနေနဲ့ Joo Won က သရုပ်ဆောင်ထားပြီး

ထယ်ဟီးအနေနဲ့ Han Yeo-jin သရုပ်ဆောင်ထားပါတယ်..ဇာတ်လမ်းအညွှန်းလေးဆက်လက်ခံစားကြည့်ပါ


Peview

မြေအောက်လောကလူဆိုးဂိုဏ်းသားတွေလောကမှာ ယွန်ပယ်ဆိုတဲ့ နာမည်ကြီးဆရာဝန်တစ်ဦးရှိပါတယ်

သူကတော့ ဒဏ်ရာရလာပြီးဆေးရုံဆေးခန်းပြလို့မရတဲ့လူဆိုးတွေကိုကုသပေးတဲ့သူဖြစ်သလို တော်တဲ့အတွက်အင်မတန်မြေအောက်လောကမှာနာမည်ကြီးပါတယ်..ပိုက်ဆံကလည်းမက်ပါတယ်..ဘာကြောင့်လဲဆိုရင် ယွန်ပယ်ရဲ့ညီမလေးဟာ ဆေးကုသဖို့အတွက်စရိတ်လိုအပ်နေတာကြောင့်ပဲဖြစ်ပါတယ်…..
ယွန်ပယ်အလုပ်လုပ်တဲ့ဆေးရုံ မှာတော့ အထူး VIP ခန်းထဲမှာ လူသားသစ်ပင်အနေနဲ့ 3နှစ်တိုင်တိုင်လဲနေတဲ့ ကင်ထယ်ဟီးဆိုတဲ့ မိန်းမချောလေးဟာ ဆေးရုံပိုင်ရှင်ရဲ့တစ်ဦးတည်းသောမြေးပါ..ယွန်ပယ်ဟာဆေးရုံမှာသူ့ဘဝကိုတိုးတက်ဖို့ကြိုးစား..ညီမကိုဆေးကုဖို့ပိုက်ဆံများရှာရင်းက အထူး VIP ခန်းမှာတာဝန်ရအောင်ကြိုးစားခဲ့ရပါတယ်..သူ့ကိုအသုံးချချင်တဲ့လူနဲ့.သူကိုယ်တိုင်ကလည်း
အခွင့်ထူးရတဲ့အချိန်အထူး VIP ခန်းမှာ တာဝန်ရပြီး သူလုံးဝ မထင်မှတ်ထားတဲ့
အရှုပ်ထွေးကြီးကိစ္စတစ်ခုကိုဝင်ပါလိုက်ရချိန်မှာတော့………

0 comments:

Post a Comment