Rating : 4.6/10
Country : India
Genre : Romance
Cast : Vijay Deverakonda, Raashi Khanna, Aishwarya Rajesh
Released Date : 2020
Duration : 2h 34min

လူ့ဘ၀ဆိုတာဟာ အခန်းပေါင်းများစွာနဲ့ဖွဲ့စည်းထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ဘယ်နေရာမှာ ဘယ်သူနဲ့တွေ့ခဲ့တယ် ၊ ဘယ်မှာနေခဲ့တယ် ၊ ဘာတွေလုပ်ခဲ့တယ်ဆိုတဲ့ ခေါက်ရိုးကျိုးအခန်းတွေမဟုတ်ပဲ ဘယ်သူနဲ့ချစ်ခဲ့တယ် ဘယ်သူ့ကို ချစ်ခဲ့တယ် ၊ ဘယ်လိုအသည်းကွဲခဲ့တယ်ဆိုတဲ့ သူမတူတဲ့ အချစ်ဇာတ်လမ်းလေးတွေတော့ ကိုယ်စီရှိကြမယ် ထင်ပါရဲ့။ဒီဇာတ်လမ်းလေးထဲမှာတော့ မင်းသား(ဂေါ်သမ်)ဟာ စာရေးဆရာဖြစ်လိုသူ၊ သူ့ချစ်သူ(ယမနီ – ယမင်းရုပ်လို့ပဲ ဆိုပါစို့)ရဲ့အထောက်အပံ့ကို ယူ ၊ ချစ်သူနဲ့ အတူနေပြီး စာရေးဖို့ကြိုးစားနေသူပေါ့။ဒါပေမယ့်လည်း စာရေးဆရာတို့ ၊ ပန်းချီဆရာတို့လို အနုပညာမှော်ဝင်စားတတ်သူတွေဟာ ချစ်သူအပေါ်ထားရှိရမယ့် တာဝန် ၊ ချစ်သူအပေါ် ဂရုစိုက်ရမယ့်၀တ္တရားတွေကို မဆိုထားနဲ့ဦး ။
စားဖို့ အိပ်ဖို့တောင် မေ့လျော့နေတတ်ကြသူတွေလေ…။ ယမနီအတွက်တော့ နေ့စဉ်အလုပ်သွား၊ ပြန်လာတိုင်း ဆေးလိပ်တစ်ဖက်၊စာအုပ်တစ်ဖက်နဲ့ ယောကျ်ားယမနီလုပ်ပေးခဲ့တဲ့ စားသောက်ဖွယ်ရာတွေကို ကာတွန်းကြည့်ပြီးထိုင်စားနေတဲ့ လင်ယောကျ်ားကို မြင်ရလိုက်ညဘက်အိပ်ယာဝင်တိုင်း သန္ဓေတားဆေးသောက်ရလိုက်နဲ့ ဘာတိုးတက်မှုမှ ရှိမလာတဲ့ လင်ယောကျ်ားအပေါ် စိတ်ကုန်လာခဲ့ပါတယ်။ဒီတော့ အချိန်တွေကြာလာတာနဲ့အမျှ ချစ်သူနှစ်ဦးကြား ပဋိပက္ခတွေဖြစ်လာပြီး ဘယ်လိုမှ ညှိနှိုင်းလို့မရတဲ့အဆုံး…. ပြတ်စဲကြရတော့တယ်….။ချစ်သူနဲ့အတူနေချိန်မှာ ခေါင်းထဲက ဘာအကြောင်းအရာမှမထွက်သလို၊ နှလုံးသားထဲကနေလည်း ဘာမှဆွဲထုတ်လို့မရခဲ့တဲ့ ဂေါ်သမ်ဟာ စာတွေရေးဖြစ်လာခဲ့တယ်။သူရေးလိုက်တဲ့ ဇာတ်လမ်းတိုင်းမှာ သူကိုယ်တိုင် ဇာတ်လိုက်အဖြစ်နဲ့ ခံစားပြီး ရေးလိုက်တာတွေကြောင့် သူ့ဇာတ်လမ်းတွေဟာ သူ့စရိုက်သူ့စိတ်ထားနဲ့ အချစ်အပေါ် သူမြင်တဲ့အမြင်တွေနဲ့ ပြည့်နှက်နေတော့တယ်။ဒီဇာတ်လမ်းကို သရုပ်ဆောင်ထားတဲ့သူက Geetha Govindam , Dear Comrade တို့လို ဇာတ်ကားလေးတွေကို ပရိတ်သတ်ရင်ထဲကို ရောက်လာခဲ့သူ Vijay Deverakonda ဖြစ်ပြီးမင်းသမီးကလည်း အိန္ဒိယဇာတ်ကားပရိတ်သတ်တွေနဲ့ မစိမ်းလှတဲ့ ပုရိသတို့ရဲ့ အသည်းကျော်လေး Raashi Khanna ဖြစ်ပါတယ်။

0 comments:
Post a Comment