When A Man Loves (2013)

16 Episodes

Rating : 6.8/10
Country : South Korean
Genre : Romance,Drama
Cast : Song Seung Heon,Shin Se Kyung,Yeon Woo Jin,Chae Jung Ahn

အက်မင်တို့ငယ်ငယ်ထဲက ချစ်ပရိတ်သတ်တို့ငယ်ငယ်ထဲက ကြည့်ရှုအားပေးလာခဲ့တဲ့ ကိုးရီးယားဇာတ်လမ်းတွဲပေါင်းများစွာက ယနေ့တိုင်လည်း ပရိတ်သတ်တွေရဲ့ရင်ကို လှုပ်ကိုင်နိုင်စွမ်းရှိတုန်းပါပဲ

ဟုတ်ကဲ့ရှင့် အက်မင်တို့အနေနဲ့ တစ်ခေတ်တစ်ခါကနာမည်ကြီးလူကြိုက်များခဲ့တဲ့ ဇာတ်လမ်းတွဲလေးတွေကို အက်မင်တို့ရဲ့ ဘာသာပြန်အသစ်လေးတွေရဲ့အင်အားနဲ့ ပြန်လည်တင်ဆက်ပေးဖို့ စဉ်းစားမိတဲ့အခါမှာတော့ ~

ဇာတ်လမ်းဟောင်းလေးတွေထဲကမှ အက်မင်တို့ ငယ်ငယ်ထဲက "ဂျွန်စော" လို့လူသိများကျော်ကြားခဲ့တဲ့ ကိုးရီးယားမင်းသားချော Song Seung Heon ရဲ့ ဇာတ်လမ်းတွဲလေးတစ်ခုကို ရွေးချယ်တင်ဆက်ပေးချင်ပါတယ်

ဇာတ်လမ်းလေးကတော့ ~ မိသားစုဘဝအခြေအနေဆိုးဝါးလွန်းခဲ့တာကြောင့် လူဆိုးဂိုဏ်းဝင်ဖြစ်နေရတဲ့
"ဟန်ထယ်ဆန်း" လို့ခေါ်တဲ့ ယောက်ျားလေးတစ်ယောက်က သူ့ရဲ့ဘဝမှာ "စောမီဒို" လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်နဲ့အမှတ်မထင်တွေ့ဆုံမိခဲ့ပါတယ်
အဲ့ဒီ့တွေ့ဆုံမှုလေးက သူ့ဘဝကိုလမ်းမှန်ရောက်အောင်
အလင်းပြပေးနိုင်ခဲ့တယ်လို့ဆိုရမှာပေါ့
မိန်းကလေးတစ်ယောက်ကို ပထမဆုံးအချစ်နဲ့ချစ်မိသွားခဲ့တဲ့ ဟန်ထယ်ဆန်း ဟာဆိုရင် လူဆိုးဂိုဏ်းဝင်ဘဝကို စွန့်ပစ်ပြီးတော့ စီးပွားရေးလောကထဲကို ခြေလှမ်းစခဲ့ပါတယ်
ဟန်ထယ်ဆန်းဟာ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းပိုင်ရှင်တစ်ယောက်ဖြစ်လာပြီးမှ သူ့ရဲ့အချစ်ဦး သူ့ဘဝကိုလမ်းအမှန်ရောက်စေခဲ့တဲ့သူနဲ့ ပြန်လည်တွေ့ဆုံခဲ့တယ်လေ
... နောက်ပိုင်းမှာ ဟန်ထယ်ဆန်းက မိန်းကလေးတစ်ယောက်ကို ဘယ်လောက်ထိချစ်မိသွားလဲ?
အဲ့ဒီ့မိန်းကလေးကရော သူ့ကို ပြန်ချစ်မှာလား?

အချစ်ကြောင့်ရရှိတဲ့သာယာကြည်နူးမှုတွေ
အချစ်ကြောင့်ခံစားရတဲ့နာကျင်မှုတွေ
"အချစ်" ဆိုတဲ့အရာက ယောက်ျားတစ်ယောက်ရဲ့ဘဝအပေါ် ဘယ်လောက်ထိအကျိုးသက်ရောက်စေတာလဲ? စတဲ့ အချစ်နဲ့ ဆက်စပ်နေတဲ့ ခံစားမှုရသပေါင်းစုံကို "မိန်းကလေးတစ်ယောက်ကိုချစ်မိရင်" ဆိုတဲ့ဇာတ်လမ်းတွဲလေးမှာ ကြည့်ရှုခံစားကြည့်ကြဖို့ ဖိတ်ခေါ်ပါရစေ

0 comments:

Post a Comment