Welcome 2 Life (2019)

16 Episodes

Rating : 8.5/10
Country : South Korean
Genre : Comedy,Law,Romance,Drama,Fantasy
Cast : Rain,Im Ji Yeon,Kwak Shi Yang

အဓိက သရုပ်ဆောင်တွေအဖြစ် ပရိသတ်အချစ်တော် Rain နှင့်အတူ Kwak Si-yang, Lim Ji-yeon တို့က ပါဝင် သရုပ်ဆောင်ထားပါတယ် …

ဇာတ်လမ်းအကျဉ်းလေးကို မိတ်ဆက်ပေးရမယ်ဆိုရင် – လီဂျယ်ဆန်း ဟာ Yugaek ဥပဒေ ကုမ္ပဏီတစ်ခုရဲ့ ရှေ့နေတစ်ယောက်ပဲဖြစ်ပါတယ် … သူဟာ ထူးချွန်တဲ့ genius ရှေ့နေတစ်ယောက် ဖြစ်ပြီးတော့ သူ့ရဲ့ အမှုသည်အနိုင်ရရှိဖို့ကိုသာ အလေးထားတဲ့ တကိုယ်ကောင်းဆန်တဲ့ သူတစ်ယောက်ပါ …

တစ်နေ့မှာတော့ သူ့ရဲ့ ဘဝကို အသစ်ပြန်စတည်ပြီး အမှန်တရားကို လမ်းကြောင်းပေါ်မှာ နေထိုင်တော့မယ်လို့ ဆုံးဖြတ်ချက် ချပြီးနောက်မှယတော့ မမျှော်လင့်ပဲ ကားအက်ဆီးဒန့်တစ်ခုနဲ့ ကြုံခဲ့ရပါတယ် … ထိုအက်ဆီးဒန့်ကြောင့်ပဲ Parallel Word ( လက်ရှိနေထိုင်နေကြတဲ့ ကမ္ဘာကြီးနှင့်အပြိုင် ဖြစ်တည်နေသော ကမ္ဘာလောက ) သို့ ရောက်ရှိသွားခဲ့ပါတယ် ….

အပြိုင်ကမ္ဘာထဲကို ရောက်သွားတဲ့အချိန်မှာတော့ သူ့ကိုယ်သူ အမှုစစ်တစ်ယောက်ဖြစ်နေကြောင်း သိလိုက်ရပါတယ် … ဒါ့အပြင် လက်ရှိကမ္ဘာမှာ သူသိပ်ချစ်ခဲ့ရတဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်က ရည်းစားဟောင်း ရာဆီအွန်း ဟာလဲ သူ့ရဲ့ ဇနီးမယားဖြစ်နေခဲ့ပါတယ် ….

ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇတ်လမ်းလေးထဲမှာ စောင့်ကြည့်လိုက်ကြရအောင်နော် …

Rating အရလဲ Viki မှာ 9.8/10 နှင့်အတူ MyDramaList မှာ 8.2/10 အသီးသီး ရရှိထားပါတယ် …

0 comments:

Post a Comment