Warrior Baek Dong Soo (2011)

29 Episodes

Rating : 8.3/10
Country : South Korean
Genre : Action,Friendship,Historical,Romance,Marial Arts
Cast : Ji Chang Wook,Yoo Seung Ho,Yoon So Yi,Shin Hyun Bin

မန်ချူးများ ဒုတိယအကြိမ် ကျူးကျော်တိုက်ခိုက်ခြင်းခံရအပြီး နှစ်ပေါင်းတစ်ရာကျော်ကြာပြီးနောက် ဂျိုဆွန်းတိုင်းပြည်တွင် ဘုရင်ထက်ပိုပြီး နန်းတွင်းအမတ်များ အာဏာကြီးစိုးသောကာလတစ်ခုဖြစ်တယ် ထိုအရာကို တွန်းလှန်ချင်နေသော အိမ်ရှေ့မင်းသား ဆဒို....

အိမ်ရှေ့မင်းသားကို
ကာကွယ်ရင်း အသတ်ခံလိုက်ရတဲ့ ဘတ်ဆဂန်...

ဘတ်ဆဂန်ရဲ့ ကလေးပါ အသတ်ခံရမလိုဖြစ်လာတဲ့အခါ သူငယ်ချင်းဖြစ်သူ ဂင်ဂွမ်ထက် ဟာ လက်တစ်ဖက်ကို
အဆုံးရှုံးခံရင်း ဘတ်ဆဂန်ရဲ့ကလေးကို ကယ်တင်နိုင်ခဲ့ပေမယ့် မိခင်က အလွယ်တကူမမွေးနိုင်ခဲ့သောကြောင့်
အရိုးတည်ဆောက်ပုံတွေ ပျက်ဆီးခဲ့ရတယ် ...

ထိုကလေးလေးဟာ "ဘတ်ဒုန်ဆူ"ဆိုပြီး ဖြစ်လာခဲ့တယ်
တချိန်တည်းမှာပဲ ယိုချိုဆန်းဟာ သေမင်းနိမိတ်ပါတဲ့

ကလေးကို မွေးမိလို့ ကလေးကို သတ်ဖို့ လုပ်ရင်းကပဲ

ဇနီးဖြစ်သူကို သတ်မိသွားတဲ့အခါမှာတော့ ....
သေမင်းနိမိတ်နဲ့ မွေးဖွားလာတဲ့ကလေး...

ယို ဝမ်ဟူ၍ ဖြစ်လာတော့တယ်....

၁၂ နှစ်ကြာပြီးနောက် ထိုကလေးနှစ်ယောက်တွေ့ဆုံကာ အတူတူကြီးပြင်းလာရင် အခင်ဆုံးသူငယ်ချင်းတွေ
ဖြစ်လာတဲ့အခါ.... မတူညီတဲ့လမ်းကြောင်းတွေကို
လျှောက်လှမ်းရင်း တူညီတဲ့ မိန်းကလေးတစ်ဦးကိုပဲ အတူတူ ချစ်မိသွားတဲ့အခါမှာတော့.....

သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်းသံယောဇဉ်ဟာ
ခိုင်မြဲနေဦးမှာလား ??? သေမင်းနိမိတ်နဲ့ မွေးဖွားလာတဲ့
ယို ဝမ်ကရော တကယ်ပဲ လူတွေရဲ့အသက်ကို
နှုတ်ယူမယ့် သေမင်းစစ်သည်တော် ဖြစ်လာမှာလား....

မတရားခံရမှုတွေနဲ့ မွေးဖွားလာခဲ့ရတဲ့
ဘတ်ဒုန်ဆူကရော...သူ့အဖေရဲ့ မတရား ခံရမှုတွေကို
ဖြေရှင်းနိုင်မှာလား.... ဆိုတာကတော့....
စစ်သည်တော် ဘတ်ဒုန်ဆူ ရဲ့ ဇာတ်လမ်းထဲမှာပဲ
ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ....

ဘတ်ဒုန်ဆူဖြစ် .... Ji Chang Wook
ယိုဝမ်အဖြစ် .... Yoo Seung Ho
ဝမ်ဂျင်ဂျူအဖြစ် .... Yoon So-Yi
ဂင်ဂွမ်ထက်အဖြစ် .....Jeon Kwang Leol
လုပ်ကြံသူခေါင်းဆောင်အဖြစ် .... Choi Min Soo တို့
ပါဝင်သရုပ်ဆောင်ထားပါတယ် ။

0 comments:

Post a Comment