Rating : 5.7/10
Country : United State
Genre : Comedy, Romance
Cast : Julia Roberts, Jamie Foxx, Anne Hathaway
Released Date : 2010
Duration : 2h 5min
Country : United State
Genre : Comedy, Romance
Cast : Julia Roberts, Jamie Foxx, Anne Hathaway
Released Date : 2010
Duration : 2h 5min
အချိန်ကာလတစ်ခုရှိဖူးပါတယ်။ ကလောက်ဒီးယပ်စ်ဟာ
စစ်မက်ပြီး ရက်စက်တဲ့ ဘုရင်တစ်ပါးပါ။ သူ့လက်ထက်မှာ
စစ်သားတွေကို စိတ်ပျံ့မလွင့်စေဖို့ လက်ထပ်ခြင်းကို
တားမြစ်ခဲ့ပါတယ်။ အဲ့ဒီတစ်ချိန်တည်းမှာပဲ
ချစ်ခြင်းမေတ္တာကို ယုံကြည်တဲ့ စိန့် ဗယ်လ်လင်တိုင်းဆိုတဲ့
ဘုန်းတော်ကြီးတစ်ပါးလည်းရှိခဲ့ပါတယ်။လူတိုင်းကို
တိတ်တဆိတ်လက်ထပ်ပေးတဲ့ ဗယ်လင်တိုင်းကို
အကျဉ်းသွင်းလိုက်ပါတယ်။ အကျဉ်းသွင်းခံရတဲ့
ဗယ်လ်လင်တိုင်းဟာ Feb 14 မှာ နှုတ်ဆက်စာရေးပြီး
သေဆုံးသွားခဲ့ပါတယ်။ဒီရုပ်ရှင်ကတော့ ဗယ်လ်လင်တိုင်းဒေးမှာ
အချစ်ကစွန့်ပစ်သွားတဲ့။ ဗယ်လ်လင်တိုင်းဒေးမှာ
အချစ်ကို တွေ့ရှိသွားတဲ့။ ဗယ်လ်လင်တိုင်းဒေးမှာ
အချစ်ကို စွန့်ပစ်သွားတဲ့ လူတွေအကြောင်းပါ။
ဒီရုပ်ရှင်က Fridayလိုမျိုး တစ်ရက်တည်းမှာဖြစ်နေတာတွေကို
ရိုက်ပြသွားတဲ့ ရုပ်ရှင်မျိုးပါပဲ။
ဒီရုပ်ရှင်ဟာ Ratingမကောင်းလှပေမယ့်
Emotional ဖြစ်ပြီး Jessica Alba
Anne Hathaway Emma Robertsတို့လို
မမတွေအပြင် Taylor Swift ၊Julia Robert
တို့လို နာမည်ကျော်တွေပါ၀င်ထားတဲ့အတွက်
ကြည့်ပျော်ပါတယ်။လူတစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့
အဖြစ်သနစ်ကလေးတွေကို ဆက်စပ်ပြီး
V Day Themeထဲမှာ အီမိုရှင်နယ်ဖြစ်စေတဲ့
အခန်းများများသုံးထားတဲ့ ဒီရုပ်ရှင်မှာ
ဇာတ်ကောင်တွေရဲ့ မိုးလင်းက မိုးချုပ်
Vdayတစ်ရက်တာ ဘယ်လိုပြီးဆုံးသွားလဲ
တရိပ်ရိပ်ခံစားရမှာပါ။
လူရဲ့တစ်နေ့တာဟာ
ပြဿနာတွေနဲ့စပြီး ပြဿနာတွေနဲ့ပဲ
ဆုံးတတ်တဲ့ သဘာ၀တော့ရှိပါတယ်။
ကျွန်တော်တို့ရဲ့ V dayကရော
ဘယ်လိုများပြီးဆုံးသွားပါသလဲဆိုတာ
ဒီရုပ်ရှင်အပြီးသတ်မှာ တစိမ့်စိမ့်ပြန်တွေးကြည့်ရင်
အတော်တဿဖွယ်ကောင်းပါတယ်။
0 comments:
Post a Comment