Torn: Dark Bullets (2020)

Rating : 7.2/10
Country : United State
Genre : Thriller 
Cast : Sam Vincent, Dexter Bell, William 'Big Sleeps' Stewart         
Released Date : 2020
Duration : 1h 36min

ရဲဝန်ထမ်း တစ်ယောက်ရဲ့ ဘဝကိုရိုက်ပြထားပါ။

ဒီကားလေးထဲမှာတော့ ပီးရက်စ် ဆိုတဲ့ လူဟာလူအများလေးစားရတဲ့ စုံထောက်တစ်ယောက်ပါ။ ​

သူ့သမီးလေးနဲ့ ချစ်ရတဲ့ဇနီးလေးနဲ့ အတူနေထိုင်ပြီး အချိန်တိုင်းဟာပျော်ရွှင်နေခဲ့ပါတယ်။ ဒါပေမယ့် ဒီပျော်ရွှင်မှုလေးဟာ သိပ်မကြာလိုက်ပါဘူး။

တစ်နေ့မှာတော့ ပြစ်မှုတစ်ခုကိုလိုက်ရင်း ထရေးဆိုတဲ့ လူမဲလူမျိုး ကို သေနတ်နဲ့ ပစ်ခဲ့ပါတယ်။ သေဆုံးသူရဲ့ မိသားစုက မကျေနပ်တော့ ပီးရက်စ်ကို တရားဆွဲတာပေါ့။

အလုပ်ကော မိသားစုကော လေးစားမှုကိုပါ ပီးရက်စ် ဆုံးရှုံးသွားခဲ့ပါတယ်။ ဒါနဲ့ သူ သေဆုံးသူရဲ့ မိသားစုနဲ့တွေ့ဖို့သွားခဲ့ပါတယ်။

ထရေးမိဘတွေက သူ့တို့ရဲ့သားလေးဟာ ရာဇဝတ်သားမဖြစ်နိုင်ဘူး။ ပီးရက်စ် ကသတ်လိုက်တာလို့ဆိုကြပြီး ကတောက်ကဆဖြစ်ကာ လက်ပါတဲ့အဆင့်ထိရောက်သွားပါတယ်။

ပီးရက်စ် ဘယ်လိုဒီကိစ္စကို က်ိုင်တွယ်မလဲ။ သူသတ်မိလိုက်တဲ့ ကောင်လေးကရော တကယ့် ရာဇဝတ်သားဟုတ်လား မဟုတ်လား ဆိုတာတော့ အတော့်ကို စိတ်ဝင်စားစရာပါ။

ဒီဇာတ်ကား​လေးကိုကြည့်မယ်ဆိုရင် ဘယ်သူမှန် ဘယ်သူမှားတယ်ဆိုတာတွေးရင်း အသည်းတယားယားနဲ့ ဖြစ်စေမှာအသေချာပါပဲနော်။

0 comments:

Post a Comment