The Witch (2015)

Rating : 6.9/10
Country : United State
Genre :    Drama, Horror, Mystery 
Cast :     Anya Taylor-Joy, Ralph Ineson, Kate Dickie 
Released Date : 2015
Duration : 1h 32min 

အိမ်ထောင်ဦးစီး William..၊ သူ့ဇနီးသည် Katherine..၊ သမီးကြီး Thomasin..၊ သား Caleb..၊ အမွှာနှစ်ယောက် Jonas နဲ့ Mercy တို့မိသားစုဟာ ဘာသာရေးဆိုင်ရာ ပြဿနာတစ်ခုအပေါ်မူတည်ပြီး သူတို့နေထိုင်ရာအရပ်ကနေ နှင်ထုတ်ခြင်းကို ခံလိုက်ရတယ်။
ဒီလိုနဲ့ပဲ သူတို့မိသားစုဟာ လူသူဝေးရာ တောစပ်တစ်နေရာမှာ အိမ်လေးတစ်လုံးဆောက်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်လို့ အေးအေးလူလူ နေနေခဲ့ကြတယ်။အဲ့ဒီနေရာလေးမှာ အခြေချပြီး မကြာခင်မှာပဲ Katherine က Samuel ဆိုတဲ့ ကလေးလေးကို မွေးဖွားခဲ့သေးတယ်။အချိန်ကာလက ၁၇ ရာစု၊ New England တစ်နေရာ။ဒီလိုနဲ့ တစ်ရက်တော့ သူ့အမေကိုယ်စား Samuel လေးကို ထိန်းပြီး Peekaboo (ဒီမှာဆို တူတူရေဝါး ဆိုတာမျိုး) ဆိုတဲ့ကစားနည်းလေး ကစားနေရင်းနဲ့Thomasin ရှေ့မှာတင် ကလေးလေးဟာ ချက်ခြင်းပျောက်သွားခဲ့တယ်။ဒါတင်မကဘူး။ ဘိုးဘွားပိုင် ငွေခွက်လည်း ပျောက်သွားတယ်။ဒီလိုအဖြစ်အပျက်တွေကြားမှာ အားလုံးရဲ့လက်ညှိုးက Thomasin အပေါ် ရောက်လာတယ်။သူထိန်းနေတဲ့ အချိန်မှာ ကလေးပျောက်တာမို့ သူ့ကို အမြင်မကြည်တာတွေ ဖြစ်လာကြတယ်။ဒါ့အပြင် စမ်းချောင်းလေးနားမှာ အဝတ် လျှော်ရင်း ပြောလိုက်တဲ့ သူ့စကားကို မှတ်ထားပြီး Jonas နဲ့ Mercy တို့ နှစ်ယောက်ကလည်း သူ့ကို စုန်းမ လို့ စွပ်စွဲလာကြတယ်။ဒီလိုနဲ့ အားလုံးမထင်မှတ်ထားတဲ့နေ့တစ်နေ့ကို ရောက်လာတယ်။အဲ့ဒီနေ့က အမဲပစ်ထွက်တဲ့ Caleb နဲ့ အတူ တောထဲကို Thomasin လိုက်သွားတဲ့ နေ့။စိတ်ဆင်းရဲစရာ ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့ ဒီမိသားစုကို သံသယလှိုင်းလုံးတွေအောက်ထဲ အစွမ်းကုန်နစ်မြုပ်စေတော့မဲ့ နေ့ပေါ့ …ဒီကားဟာ အနောက်ပြန်လှည့်ကြည့်တစ်ယောက်မှမရှိပဲ အရှေ့ပြန်လှည့်ကြည့်တော့မှ ဘွားခနဲ့ မျက်နှာကြီးပေါ်လာတက်တဲ့ Jump Scare ကားတွေလို မဟုတ်ပဲ ဆင်ကို ကြုံးသွင်းဖမ်းသလို တစ်ဖြည်းဖြည်းနဲ့ စိတ်ထဲမှာ တစ်စိမ့်စမ့်နဲ့ကျောချမ်းလာစေမယ့် ကားပဲဖြစ်ပါတယ်

0 comments:

Post a Comment