The Tale of Nokdu (2019)

16 Episodes

Rating  : 8.6/10
Country : South Korean
Genre : Action,Historical,Comedy,Romance
Cast : Jang Dong Yoon,Kim So Hyun,Kang Tae Oh

ဇာတ်လမ်းအကျဉ်းလေးကဒီလိုပါ။ အိမ်ကမိဘသဘောတူတဲ့သူနဲ့ မယူချင်တဲ့အတွက် သူ့ကိုယ်သူ မိန်းကလေးအဖြစ်ဟန်ဆောင်ကာ မိန်းမတွေကြီး သီးသန့်နေထိုင်တဲ့မြို့လေးမှာ ဖုံးကွယ်ကာ လာရောက်နေထိုင်တဲ့ Jeon Nok Doo ဆိုတဲ့ကောင်လေးနဲ့ ကချေသည်မဖြစ်ချင်ပေမယ့်လည်း ရွေးချယ်စရာမရှိဘဲ ကချေသည်အဖြစ်သင်တန်းပေးခံရတဲ့ Dong Dong Joo ဆိုတဲ့ ကောင်မလေးတို့ကြားက အချစ်ဇာတ်လမ်းလေးအကြောင်းကို ရိုက်ကူးပုံဖော်ထားခြင်းဖြစ်ပါတယ်။ Jeon Nok Doo (Jang Dong Yoon) ဟာ ဆွေကြီးမျိုးကြီးကပေါ်က်ဖွားတဲ့ အထက်တန်းစားလူမျိုးဖြစ်ပါတယ်။ ကြည့်ကောင်း ဉာဏ်ကောင်းပြီး ခန္ဓာကိုယ်သန်စွမ်းသော်လည်း မိဘပေးစားသူနဲ့မယူချင်တဲ့အတွက် မိန်းကလေးလိုဝတ်စားပြီး မိန်းကလေးတွေသီးသန့်နေတဲ့နေရာလေးမှာ လာရောက်ဖုံးကွယ်နေထိုင်နေပါတယ်။ Dong Dong Joo (Kim So Hyun) ကတော့ ကချေသည်အဖြစ်သင်တန်းပေးခံရသော်လည်း ဂီတနဲ့အကဘက်မှာ အမြင်မရှိတဲ့အပြင် ဒေါသကလည်းကြီးသူပါ။ ဒါပေမဲ့ သူ့ကို ကိရိယာတန်ဆာပလာသာ ပေးလိုက်ရင် ဘာဖြစ်ဖြစ်လုပ်နိုင်ပြီး အဲဒီမြို့မှာတော့ သူ့ကို ‘ Jang Young Sil ‘ ဆိုပြီး လူသိများပါတယ်တဲ့။ Dong Joo ဟာ သူ့စိတ်ထဲကစကားကိုလည်း မကြောက်မရွံ့ ပြောတတ်ပေမယ့် လျှို့ဝှက်ချက်တစ်ခုကြောင့် ဘယ်သူ့ကိုမှ ပြန်မပြောနိုင်ပါဘူး ဒီလိုနဲ့ သူ့ဘဝထဲ Nok Doo ဆိုတဲ့ကောင်မလေးဝင်ရောက်လာပါတယ်။ ဒါပေမဲ့လည်း Dong Joo ဟာ ရုတ်တရက် Nok Doo ဟာ မိန်းကလေးမဟုတ်မှန်း သိသွားပြီး သူဘာကြောင့် ဒီလိုဟန်ဆောင်ဖုံးကွယ်ပြီးလာနေရလည်းဆိုတဲ့အကြောင်းကိုနားထောင်ပေးခဲ့ပါတယ်တဲ့။ Nok Doo ဟာ Dong Joo လေးကို အန္တရာယ် ရှိတဲ့အခြေအနေတွေကနေကယ်တင်ပေးပြီး အဲဒီရွာလေးမှာ တစ်နှစ်နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်တဲ့။ ကဲ ဒီလိုနဲ့ နှစ်ယောက်သားကြား ဘယ်လို romance လေးတွေလာမလည်းဆိုတာကိုတော့ The Tale of Nokdu ကားလေးမှာ စောင့်မျှော်အားပေးကြပါဦး။

0 comments:

Post a Comment