The Light in Your Eyes (2019)

12 Episodes

Rating : 8.3/10
Country : South Korean
Genre : Friendship,Comedy,Romance,Life,Drama,Family,Melodrama
Cast : Han Ji Min,Kim Hye Ja,Nam Joo Hyuk,Son Ho Jun

JTBC ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသလျက်ရှိပြီး အပိုင်း ၁၆ ပိုင်း ပါဝင်မယ့် Fantasy Romance ဇာတ်လမ်းအမျိုးအစားလေးတစ်ခုဖြစ်ပါတယ် …

Nam Joo-hyuk ရဲ့ main cast အနေနဲ့ ပါဝင်တဲ့ တတိယမြောက် ဒရာမာဖြစ်ပြီး ပြီးခဲ့တဲ့ ဒုတိယမြောက် ဒရာမာဖြစ်တဲ့ The Bride of Habaek ကတော့ ဝေဖန်မှုတွေနဲ့ကြုံခဲ့ရပြီး ရလာဒ်ဆိုးတွေဖြစ်ပေါ်ခဲ့တာကြောင့် အခုဒရာမာကတော့ စောင့်ကြည့်ရမယ့် အနေအထားတစ်ခုဖြစ်လာပါတယ် …

ဇာတ်လမ်းအကြောင်းလေးကို ပြောပြပေးရမယ်ဆိုရင် – အချိန်တွေကို လိုအပ်သလို ခြယ်လှယ်လို့ရတဲ့ အမျိုးသမီးတစ်ဦး နဲ့ ကျပ်ကျပ်တည်းတည်းဘဝထဲကို ရောက်နေတဲ့ အမျိုးသားတစ်ဦးတို့ရဲ့ အကြောင်းလေးပါ …

Kim Hye-Ja (Han Ji-Min) က announcer တစ်ယောက်ဖြစ်ဖို့ မျှော်လင့်နေသူတစ်ဦးဖြစ်ပြီးတော့ ရိုးသားပြီး ဆက်ဆံရေးကောင်းမွန်တဲ့ အမျိုးသမီးတစ်ဦးပါ … ဒါပေမဲ့ သူဟာ ရုတ်တရက် အသက် ၇၀ အရွယ် အဖွားအိုတစ်ယောက်ဖြစ်သွားခဲ့ပြီးတော့ အချိန်ကို လိုအပ်သလို ခြယ်လှယ်နိုင်တဲ့ အစွမ်းကို ရရှိခဲ့ပါတယ် …

Lee Joon-Ha (Nam Joo-Hyuk) ကတော့ သတင်းထောက်တစ်ယောက်ဖြစ်ဖို့ ရည်မှန်းချက်ရှိသူဖြစ်ပြီး သူ့ရဲ့ရည်မှန်းချက်တွေအတွက် တစ်နေ့ဖြစ်လာစေဖို့အတွက် ပြင်းပြင်းထန်ထန် ကြိုးစားနေတဲ့ လူငယ်တစ်ယောက်ပါ … ဒါပေမဲ့လဲ လက်ရှိမှာတော့ ဘဝကို မျှော်လင့်ချက် ကင်းမဲ့စွာ ဖြတ်သန်းနေပါတယ် …

အချိန်ကို ခြယ်လှယ်နိုင်တဲ့ Kim Hye-Ja ( Han Ji-Min ) နဲ့ သတင်းထောက်ဖြစ်ဖို့ စိတ်ပြင်းပြနေတဲ့ ကောင်လေး Lee Joon-Ha ( Nam Joo-Hyuk ) တို့ တွေ့ဆုံမိကြတဲ့အခါ ဘယ်လိုအချစ်ဇာတ်လမ်းတွေ ပေါ်ပေါက်လာမယ်ဆိုတာကိုတော့ The Light In Your Eyes ဇာတ်လမ်းလေးထဲမှာပဲ ဆက်ကြည့်လိုက်ကြရအောင်နော် …

Rating အရတော့ IMDb မှာ မထွက်သေးပေမဲ့ DramaList မှာတော့ 8/10 ရရှိထားပါတယ် …

0 comments:

Post a Comment