The Last Witch Hunter (2015)

Rating : 6.0/10
Country : United State
Genre :   Action, Adventure, Fantasy
Cast :   Vin Diesel, Rose Leslie, Elijah Wood
Released Date : 2015
Duration : 1h 46min

ဒီဇာတ်ကားကတော့ နာမည်ကြီးမင်းသားဖြစ်တဲ့ Vin Diesel နဲ့အတူ
မင်းသား Elijah Wood နဲ့ မင်းသမီး Rose Leslie တို့ပါဝင်ထားတဲ့
မှော်ကားတကားဖြစ်ပါတယ်
နှစ်ပေါင်းများစွာ အောက်လမ်းစုန်းအတတ်ပညာရှင်များကို
ရှင်းလင်း သုတ်သင်နေကြတဲ့ စုန်းမုဆိုး ခေါ် Witch Hunter
များရှိနေကြသည်မှာတော်တော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်
ထို စုန်းမုဆိုးများထဲမှ ကူလ်ဒါ ဆိုသူဟာ
ထူးချွန်သည့်စုန်းမုဆိုးသူရဲကောင်းတစ်ဦးဖြစ်ခဲ့ပြီး
စုန်းဘုရင်မနှင့် နောက်လိုက်များကို အပြီးသတ်သုတ်သင်ရှင်းလင်းခဲ့ခြင်းပါ
စုန်းဘုရင်မဟာ မသေဆုံးနိုင်သည့် သူမရဲ့အစွမ်းများကို
ကျိန်စာပြုလုပ်ပြီး ကူလ်ဒါနဲ့သူရဲ့မိသားစုကို နောင်ဘဝတွေမှာ
ကူလ်ဒါနဲ့ကွဲအောင်ကျိန်စာတိုက်ခဲ့ပါတယ်
ကူလ်ဒါ ဟာ နှစ်ပေါင်းများစွာရှင်သန်ခဲ့ပြီး စုန်းပညာရှင်များကို
သုတ်သင်ရှင်းလင်းခဲ့ပါတယ် အဲဒီလိုနှိမ်နင်းနေရင်းနဲ့
သူ့ရဲ့မိသားစု လူ့ဘဝပြန်ဖြစ်မည့်ကာလမှာဆုံတွေ့နိုင်ရန်အတွက်
ကြိုးစားလိုက်ရှာနေခဲ့ပါတယ် အဲဒီအချိန်မှာပဲ
စုန်းဘုရင်မဟာ ပြန်လည်အသက်ဝင်ရှင်သန်လာခဲ့ပြီး
ကူလ်ဒါကိုလက်စားချေရန် ကြိုးစားတဲ့အခါမှာ လူသားမျိုးနွယ်များကို
ဒုက္ခပေးနိုင်သည့် စုန်းဘုရင်မ နှင့် ကူလ်ဒါ တို့အပြန်အလှန်တိုက်ခိုက်
ချေမှုန်းကြတာကိုရှုစားရမှာဖြစ်ပါတယ်
မကြည့်ရသေးသူများ ကြည့်ရအောင်စာတန်းထိုးနဲ့တင်ပေးလိုက်ပါတယ်

0 comments:

Post a Comment