The Judge (2014)

Rating : 7.4/10
Country : United State
Genre :   Crime, Drama 
Cast : Robert Downey Jr., Robert Duvall, Vera Farmiga 
Released Date : 2014
Duration :  2h 21min 

ရင်ဘတ်ကြီးကိုဖွင့် နှလုံးသားကို စွင့်ပြီး ခံစားချင်သူတွေအတွက် ဒီဇာတ်ကားဟာ အကောင်းဆုံးကားတစ်ကားဖြစ်ပါတယ်..ပြကွက်တစ်ကွက်ချင်းစီမှာ အရေးကြီးတဲ့ စနစ်တကျခြယ်သမှုတွေနဲ့ တင်ဆက်ထားပါတယ်..ဇာတ်လမ်းကြာချိန်ကလည်း နှစ်နာရီ ခွဲလောက်ဖြစ်တဲ့အတွက် အချိန်ကြာမြင့်စွာအရသာခံကြည့်ရှုရမယ့်ကားတစ်ကားဖြစ်ပြီး ကြည့်ပြီးချိန်မှာ ရင်ဘတ်ထဲ ခံစားချက်တွေကျန်ခဲ့စေမယ့်အပြင် နောက်တစ်ခါထပ်ကြည့်ချင်လောက်အောင် ကောင်းလှပါတယ်..kids တွေက ပါဝါရိန်းဂျား..men တွေက DC တွေ Marvel တွေကြိုက်တယ်ဆိုရင် ဒီကားက Legend တွေကြည့်တဲ့ကားလို့ သတ်မှတ်ပေးပါရစေ…Iron Man မင်းသား Robert Downey Jr က ဒီကားထဲမှာ ထက်မြက်တဲ့ရှေ့နေတစ်ယောက်ပါ..
သူ့ရဲ့ထူးခြားတဲ့အကျင့်က အပြစ်ရှိသူတွေဖက်ကပဲ ရှေ့နေလိုက်ပေးတာပါ..သူ့မှာ ဇနီးနဲ့ သမီးတစ်ယောက်ရှိတယ်..တစ်နေ့ တရားရုံးမှာ အမှုတစ်ခုရှေ့နေလိုက်နေရင်း သူ့အစ်ကိုအကြီးဆုံးဆီက သူ့အမေဆုံးပြီဆိုတဲ့ ဖုန်းဝင်လာပါတယ်..ဒါနဲ့သူ့အမေ အသုဘကိစ္စအတွက် သူ့ရဲ့နယ်မြို့လေးကို ပြန်ခဲ့သည်ပေ့ါ..ညီအစ်ကိုသုံးယောက်ရှိတဲ့အထဲမှာမှ အလတ်ကောင်ဖြစ်သူက တရားသူကြီးတစ်ဦးဖြစ်သူ ဖခင်နဲ့မတည့်လို့ အိမ်ကိုမပြန်ခဲ့တာနှစ်ပေါင်းအတော်ကြာပါပြီ..ပြန်ရောက်တဲ့အချိန်ကနေစလို့ အသုဘကိစ္စပြီးလို့ ပြန်မယ့်အချိန်ထိ အဖေနဲ့သား တကျက်ကျက်ပါပဲ..ဒီလိုနဲ့အဖေနဲ့ရန်ဖြစ်ပြီး အိမ်ပြန်ဖို့ လေယာဉ်ပေါ်အတက်..အစ်ကိုအကြီးဆုံးဆီကဖုန်းဝင်လာပြန်တာက..သူတို့အဖေတရားသူကြီး လူသတ်မှုနဲ့ ရဲစခန်းရောက်နေလို့ပါတဲ့…ဒီဇာတ်လမ်းဟာ မှုခင်း ဒရာမာကားလို့ ဆိုထားပေမယ့် ဒီထက် အများကြီးအများကြီး အတွေးတွေ ပေးနိုင်မယ့်ကားတစ်ကားဖြစ်ပါတယ်..ရိုးရှင်းတဲ့ ရိုက်ချက်တွေနဲ့ သားအဖတွေကြားဆက်ဆံရေးတွေ ..လူ့အသိုင်းအဝိုင်းနဲ့ တရားဥပဒေအပေါ် လေးစားမှု မလေးစားမှု..တရားဥပဒေရဲ့အရေးပါမှုတွေ..ကံတရားတစ်ပတ်လည်ပုံတွေကို အချိတ်အဆက်ကောင်းကောင်းနဲ့ ရိုက်ပြထားပါတယ်၂၀၁၄ မှာ ထွက်ခဲ့တဲ့ကားတစ်ကားဖြစ်ပြီး IMDb – 7.4 Googgle users – 94% Rotten tomatoes – 48% တို့ဖြစ်ကြပါတယ်..နောက်ဆုံးဇာတ်လမ်းပြီးစာတန်းထိုးတဲ့အခါ… The Scientist ဆိုတဲ့ သီချင်းလေးကိုလည်း နားထောင်ဖြစ်အောင်နားထောင်ဖို့ တိုက်တွန်းလိုက်ပါတယ်..။

0 comments:

Post a Comment