The Great Gatsby (2013)

Rating : 7.2/10
Country : United State
Genre :   Drama, Romance 
Cast :  Leonardo DiCaprio, Carey Mulligan, Joel Edgerton
Released Date : 2013
Duration :  2h 23min

ဇာတ်လမ်းလေးကတော့ ခေတ်စကား နဲ့ ဆို အချစ်တွက် မိုက်တဲ့ ကောင်ဆိုးလေး လို့ ပြောလို့ရမယ်…မြန်မာပေါကားတွေမှာဆို မင်းသမီးကို
လက်ထပ်ချင်တဲ့ စောင်တောသား လေးကမြို့တက် ပိုက်ဆံရှာတဲ့ အကွက်ပဲ…ဒီမှာတော့ နည်းနည်းထူးခြားတယ်…မင်းသမီးလေးက စောင့်ပါတယ်…ကောင်ဆိုးလေး မလာတော့ သူလက်ထပ်လိုက်တယ်ကောင်ဆိုးလေးက တော့ ပြန်မလာခဲ့ပါဘူးနှစ်တွေ အများကြီး ကြာသွားတယ်…တစ်ရက်မှာတော့ မင်းသမီးလေး တို့ စံအိမ် ရဲ့မျက်နှာခြင်းဆိုင် က ရဲတိုက်ကြီး ကို သူဌေးကြီးတစ်ယောက်က ဝယ်လိုက်ပြီး ပါတီ ပေးမယ်လို့သတင်းကြားရတယ်…အဓိက ဖိတ်ကြားခံရတာကတော့ မင်းသမီးလေး ရဲ့မောင်ဖြစ်သူကို သူဌေးကြီးက ဖိတ်ကြားတာပါ…အဲ့ဒီမှာ သိလိုက်ရတာက သူဌေးကြီးဟာ လက်ထပ်ဖို့အရေး ပိုက်ဆံရှာမယ်ဆိုပြီး ထွက်သွားတဲ့ ကောင်ဆိုးလေးပေါ့အလာကောင်းပေမဲ့ အခါနှောင်းခဲ့ပြီ မင်းသမီးလေးမှာခင်ပွန်းလဲ ရှိနေပြီ တည်ငြိမ်တဲ့ အိမ်ထောင်ရေးတော့ မဟုတ်ဘူးပေါ့ခင်ပွန်းဖြစ်သူက သောက်စားနေပြီး မိန်းမပွေ လောင်းကစားသမားပေါ့သူတို့ ဘဝက အထည်ကြီးပျက်လို့ ဖြစ်နေတာ….မြန်မာကားတွေ အရမ်းဆန်တယ်ပဲ ပြောရမလား…ကောင်ဆိုးလေး ကို ယောက်ဖလောင်း က သူ့အစ်မ နဲ့တိတ်တိတ်လေး ပေးတွေ့ခဲ့တယ်…ငယ်က အချစ် နှစ်တရာ မမေ့သာ ဆိုသလိုပဲအချစ်တွေက ပြန်နိုးထ လာခဲပါလေရော…သူတို့ ၂ ယောက် ဆုံတဲ့ အခန်းလေးဟာ အရမ်းကိုကြည်နူးဖို့ ကောင်းတယ် အသက်လေးဆယ်ကျော်နေပြီဖြစ်တဲ့ကောင်ဆိုးလေးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က လိုရင်ခုန်သံတွေ လက်ဆတ်နေပြီး မင်းသမီးလေးကို မြင်တာနဲ့ရှက်ကိုးရှက်ကန်းတွေ ဖြစ်လို့ ဘာပြောရမှန်း မသိဖြစ်နေတာပဲ..ရုပ်ရှင်တစ်ကားလုံးမှာ ကျနော် အကြိုက်ဆုံး အခန်းလေးပေါ့…

0 comments:

Post a Comment