The Flood (2019)

Rating : 5.1/10
Country : United State
Genre : Drama, Action
Cast : Lena Headey, Amira Ghazalla, Jack Gordon   
Released Date : 2019
Duration : 1h 39min 

ကြည့်လို့မပျင်းမယ့် အဆင်ပြေမယ့် ကားလေးနဲ့ဒီတစ်ခါတော့ မိတ်ဆက်ပေးချင်ပါတယ်။ Stay home မှာ ဒီကားလေးကလည်း အချိန်ကုန်လို့အဆင်ပြေမယ့် ကားလေးတစ်ကားပါ။ အက်ရှင်ကားလို ခပ်ကြမ်းကြမ်းလည်းမဟုတ် အရိုတစ်လိုင်းလည်းမဟုတ် ဘဝဇာတ်ခုံပေါ်က ဇာတ်ရုပ်ကို အခြေခံထားလို့ တစ်မျိုးကွဲထွက်နေတဲ့ရသကို ခံစားရမှာပါ။ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းတွေကို ပေါင်းပြီး ဒီဇာတ်ကားလေးမှာ ရိုက်ထားတာမို့ ရင်ထဲငြိမယ့်ကားလေးတစ်ကားဖြစ်မှာပါနော်။

ယူကေ လို့ခေါ်တဲ့ အင်္ဂလန်နိုင်ငံကြီးကို သွားချင်တဲ့သူတွေ ဒုနဲ့ဒေးပါ။ အဲ့သလို အခြားသော အဆင်မပြေမှုတွေကြောင့် နယ်စပ်ကနေ ဟေလီ လို ခိုးဝင်ရတဲ့ လူတွေကလည်း အများကြီးပေါ့။ တရားမဝင်ပေါ့ ။ ဟေလီကလည်း စစ်ပြေးတစ်ယောက်အနေနဲ့ ယူကေ မှာခိုလှုံချင် ၊ နောက် သူ့လိုမျိုး ယူကေမှာဆွေမျိုးရှိနေတဲ့ ဗိုက်ကြီးသည်ချစ်ဇနီးကို သူမသေခင်လေး မိသားစုနဲ့ဆုံပေးချင်တဲ့ အမျိုးသား ဖစ် နဲ့ဆုံတဲ့အခါ နယ်စပ်ကို ဖြတ်ရဖို့ နည်းလမ်းတွေ့လာပါတော့တယ်။ ပိုက်ဆံလည်းပေးပြီး ကားလည်းထွက်ပြီမို့ စိတ်ချလက်ချနေရင်း လမ်းမှာ လှည့်ကင်းနဲ့တွေ့ပါလေရော။

အဲ့အချိန်မှာ ဝုန်းဒိုင်း ဝုန်းဒိုင်း နဲ့ ဟေလီ တစ်ယောက် ဓါးကိုင်ရင်း ကုန်တင်ကားပေါ်ကပြေးဆင်းလာပါတယ်။ အဲ့ဒါနဲ့သူ့ကိုဖမ်းပြီး လူဝင်မှုကြီးကြပ်ရေးမှာ စစ်ဆေးတဲ့အခါမှာတော့…..
စာနာစိတ် သနားစိတ် ကိုယ်ချင်းစာစိတ် ပြီးတော့ တန်ဖိုးအကြီးဆုံး မေတာတရား ဆိုတာ ဘာလည်းဆိုတာကို အတတ်နိုင်ဆုံးပုံဖော်ပေးထားတဲ့ကားလေးမို့ မြန်မြန်လေးကြည့်လိုက်တော့နော်။ ။

0 comments:

Post a Comment