The Boy (2016)

Rating : 6.0/10
Country : United State
Genre : Horror, Mystery, Thriller 
Cast :  Lauren Cohan, Rupert Evans, James Russell
Released Date : 2016
Duration :  1h 37min

ဂရီတာအီဗန်စ် ဟာ အမေရိကန်အမျိုးသမီးငယ်တစ်ယောက်ဖြစ်ပြီး ကလေးထိန်းအလုပ်ဖြင့် အင်္ဂလိပ်ရွာငယ်လေးတစ်ရွာကိုပြောင်းရွှေ့လာသူပါ.သူမအလုပ်လုပ်ရမဲ့အိမ်ကိုရောက်တဲ့အခါမှာတော့သူမတွေ့လိုက်ရတာက ထူးဆန်းတဲ့လင်မယားနှစ်ယောက်ရယ် သူမထိန်းရမှာ ကလေးတစ်ယောက်လို့ထင်ပေမဲ့ တကယ့်ကလေးမဟုတ်ပဲ ကလေးငယ်လေးအတိုင်းပုံတူလုပ်ထားတဲ့အရုပ်လေးတစ်ရှပ်ပဲဖြစ်ပါတယ်. အဲ့ဒီနောက်မှာသူမ ကို အိမ်ကြီးရှင်လင်မယားနှစ်ယောက်ဟာ သူမကို စည်းကမ်းပေါင်းမြောက်များစွာနဲ့ အတူအရုပ်ကလေးကိုပါထားခဲ့ကာ ခရီးရှည်ထွက်သွားကြပါတော့တယ်. အဲ့ဒီနောက် ဂရီတာ တစ်ယောက် ဘရန်ဟ် ဆိုတဲ့ကလေးရုပ်လေးနဲ့အတူအိမ်ကြီးထဲမှာအဆင်ပြေနိုင်ပါ့မလား. အိမ်ကြီးကိုရောက်ပြီးမှ ရင်းနှီးသိကျွမ်းခဲ့တဲ့ မယ်ကွန်လ် ဆိုတဲ့ သူကရော သူမ ယုံကြည်ရသူဖြစ်နိုင်ပါ့မလား. သူမရဲ့ နောက်ကြောင်းကအတိတ်ဆိုးကရော ဘယ်လိုလဲ ဘာတွေဆက်ဖြစ်မှာလဲ အိမ်ကြီးရှင်လင်မယားကရော ပြန်လာမှာလား အဲ့ဒီလိုလျှို့ဝှက်သည်းဖို ဖြစ်ရပ်တွေကိုရှင်းရှင်းလင်းလင်းသိချင်ရင် ဒီ ဇာတ်ကားလေးကိုသာဒေါင်းလုတ်ဆွဲကြည့်လိုက်ကြပါတော့ လို့တိုက်တွန်းပါရစေ

0 comments:

Post a Comment