16 Episodes
Rating : 8.1/10
Country : South Korean
Genre : Romance,Drama,Melodrama
Cast : Jo In Sung,Song Hye Kyo,Kim Bum,Jung Eun Ji
၂၀၁၃ ခုနှစ်မှာ SBS ရုပ်သံလိုင်းကနေ အပိုင်း ၁၆ ပိုင်း ထုတ်လွှင့်ပြသခဲ့တာလည်း ဖြစ်ပါတယ်။
လောင်းကစားသမားနဲ့ လူလိမ်တစ်ယောက်ဖြစ်တဲ့ ဂျိုအင်ဆောင်ဟာ မျက်မမြင်သူဌေးမလေး ဆောင်းဟေဂိုရဲ့ အစ်ကိုအရင်းအဖြစ် ဟန်ဆောင်ခဲ့ပြီး နေထိုင်ခဲ့ပေမယ့် တချိန်က စိတ်ဒဏ်ရာရခဲ့ကြတဲ့ သူတို့နှစ်ဦးဟာ အချစ်စစ်ရဲ့ အဓိပ္ပါယ်ကို သိရှိခဲ့ကြပုံကို ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။
ဒီဒရမ်မာဟာ ၂၀၀၂ ခုနှစ်က ဂျပန်ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ TBS ကနေ ထုတ်လွှင့်ခဲ့တဲ့ I Don’t Need Love, Summer ဆိုတဲ့ ဒရမ်မာကို ကျောရိုးယူ ရိုက်ကူးထားတာဖြစ်ပါတယ်။
ဒီဒရမ်မာကိုပဲ ကိုရီးယားရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးထားတာက အွန်စောအငယ်လေး လို့ခေါ်ကြတဲ့ မင်းသမီး မွန်းဂွန်ယောင်း ပါဝင်တဲ့ Love Me Not ရုပ်ရှင်ပဲ ဖြစ်ပါတယ်။
အချစ်ကို အယုံအကြည်မရှိတဲ့ အိုဆူ (ဂျိုအင်ဆောင်) ချောင်ဒမ်ရပ်ကွက်မှာ အတော်ဆုံး လောင်းကစားသမား ဖြစ်ပေမယ့် ဘဝကို အဓိပ္ပါယ်မဲ့စွာ ဖြတ်သန်းနေသူတစ်ယောက်ဖြစ်ပါတယ်။
ငယ်ငယ်ကတည်းက မိဘတွေရဲ့ စွန့်ပစ်တာကို ခံခဲ့ရတဲ့အပြင် ချစ်ဦးသူကိုလည်း ဆုံးရှုံးလိုက်ရသူတစ်ယောက် ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း အချစ်ကို အယုံအကြည်မရှိသူတစ်ယောက်ဖြစ်တဲ့ အိုယောင်း (ဆောင်းဟေဂို) ဟာ ကုမ္ပဏီကြီး တစ်ခုကို အမွေဆက်ခံရမယ့် မိန်းကလေးတစ်ဦးဖြစ်ပါတယ်။
ကားအက်ဆီးဒင့်တစ်ခုမှာ မိဘနှစ်ပါးကို ဆုံးရှုံးလိုက်ရတဲ့ အပြင် မျက်မမြင်ဘဝကို ရောက်ခဲ့ရသူဖြစ်ပါတယ်။
တစ်နေ့မှာတော့ တင်နေတဲ့ အကြွေးမြောက်များစွာကို ဆပ်ဖို့ရာ အိုဆူဟာ အိုယောင်းရဲ့ ပျောက်ဆုံးနေခဲ့တဲ့ အစ်ကိုလို့ဆိုပြီး ချဉ်းကပ်ခဲ့ပါတ်တော့တယ်။
အချစ်ကို အယုံအကြည်မရှိသူနှစ်ဦး တွေ့ကြတဲ့အခါမှာတော့ သန့်စင်မွန်မြတ်တဲ့အချစ်တစ်ခု မွေးဖွားလာပါတော့တယ်။

0 comments:
Post a Comment