Temperature of Love (2017)

20 Episodes

Rating : 7.6/10
Country : South Korean
Genre : Food,Comedy,Romance,Life,Drama
Cast : Seo Hyun Jin,Yang Se Jong,Kim Jae Wook,Jo Bo Ah

Lee Hyun Soo (Romantic Doctor Kim) ဟာ ရိုးသားတဲ့ မိမိကိုယ်ကို ယုံကြည်မှုပြည့်ဝတဲ့ သူတစ်ယောက်ပါ။ ၁၀ နှစ်ကြာ လက်ထောက် စာရေးဆရာအဖြစ် လုပ်ခဲ့ပြီးမှာတော့ ဇာတ်ညွှန်းရေးဆရာအဖြစ် တဖြည်းဖြည်းလူသိများလာပါတယ်။ သူကတော့ ရုပ်ရှင်တွေထဲက မြင်မြင်ချင်း ချစ်မိတယ် ဆိုတဲ့ သဘောတရားကို မယုံကြည်သူပါ။ ပြင်သစ် စားဖိုမှူး Jung Sung ကတော့ ကျော်ကြေားတဲ့ Good Soup စားသောက်ဆိုင်ပိုင်ရှင်ဖြစ်ပါတယ်။ ယှဉ်ပြိုင်လိုစိတ်ရှိတယ်။ နှစ်လိုဖွယ်ကောင်းတယ်။ အရည်အချင်းနဲ့လည်း ပြည့်စုံသူတစ်ယောက်ပေါ့။ ပဲရစ်မှာ ဟင်းချက်သင်တန်းကျောင်းတက်ခဲ့တဲ့အပြင် ပုံမှန်မီးဖိုချောင်ထဲမှာတွေ့ရလေ့ရှိတဲ့ ရာထူးဝါစဉ်အလိုက်ဆိုတာကို ယုံကြည်မှုမရှိသူပါ။ အေးတိအေးစက်နေခဲ့တဲ့အမေကြောင့် စိတ်ဒဏ်ရာရခဲ့ပြီး လက်ရှိမှာတော့ ယခင်နဲ့မတူ ပင်ကိုအသိစိတ်နဲ့ စိတ်အားထက်သန်စွာ ရှင်သန်လျက်ရှိပါတယ်။ ဒီလိုစိတ်နေစိတ်ထားနဲ့ လူ ၂ ယောက် အွန်လိုင်းဖိုရမ် တစ်ခုမှာ တွေ့ခဲ့ကြတယ်။ မတူညီတဲ့ စိတ်ထားတွေ ဖြစ်ပေမယ့်လည်း အချင်းချင်းပြောဆိုရင်းက ခင်တွယ်လာခဲ့ပါတယ်။ Ji Hong Ah ကတော့ ကုမ္ပဏီသူဌေးကြီးရဲ့ သမီးဖြစ်ပြီး ရည်မှန်းချက်ကြီးမားတဲ့ ဒရမ်မာ ရေးသားသူတစ်ယောက်ပါ။ ငွေအပူအပင်မရှိဘဲ အရာအားလုံး သူ့လက်ထဲ အလိုလိုရောက်လာလိမ့်မယ်ထင်ပြီး ဘဝကို ဖြတ်သန်းလာခဲ့တာပါ။ အောင်မြင်တဲ့ entertainment အေဂျင်စီရဲ့ CEO Park Jung Woo ကတော့ စားဖိုမှူး Jung Sun ရဲ့ လက်ရာကို အထူးနှစ်သက်ပြီး Good Soup မှာလည်း ရင်းနှီးမြုပ်နှံထားပါတယ်။ ဒီလိုမတူညီတဲ့ စိတ်အထွေထွေနဲ့ ၄ ယောက် အချစ်နဲ့ ဘဝကိုထိန်းကျောင်းဖို့ ကြိုးစားတဲ့အခါ တစ်ဦးနဲ့ တစ်ဦး ထိမိ ခိုက်မိတာလည်း ရှိကြမှာပါ။ အွန်လိုင်းကတဆင့်သိတဲ့ ရင်းနှီးကျွမ်းဝင်မှုမျိုးဟာ အချစ်ရဲ့အပူချိန် (Temperature of love) ကို ခံနိုင်စွမ်းမရှိမှန်း သူတို့သိလာပါတော့တယ်

0 comments:

Post a Comment