Taylor Swift: Miss Americana (2020)

Rating : 7.4/10
Country : United State
Genre : Documentary 
Cast : Taylor Swift, Andrea Swift, Scott Swift                        
Released Date : 2020
Duration : 1h 25min 

 အမေရိကန်ပေါ့ပ် နဲ့ ကန်းထရီးအဆိုတော်မလေး တေလာဆွစ်ဖ် ရဲ့မှတ်တမ်းရုပ်ရှင် Miss Americana ကို တင်ဆက်ပေးလိုက်ပါတယ်…ဒီမှတ်တမ်းရုပ်ရှင်လေးဟာ IMDb – 8/10 နဲ့ Rottem Tomatoes – 90% တောင်ရရှိထားပါတယ်ဒီရုပ်ရှင်လေးဟာ တေလာဆွစ်က သူ့ရဲ့ဘဝအစိတ်အပိုင်းလေးတွေကို ခင်ဗျားတို့ဘေးနားမှာ ထိုင်ပြောနေတဲ့ အတိုင်း ကြည့်ရှုခံစားရမှာပါ…
တေလာဆွစ်နဲ့အတူတူ ခင်ဗျားအပြင်ထွက်မယ်…သူနဲ့အတူတူ ရှိုးပွဲတွေလိုက်မယ် …သူနဲ့အတူ ဝမ်းသာစရာရှိရင် ဝမ်းသာလိုက်မယ် ဝမ်းနည်းစရာရှိရင်ဝမ်းနည်းမယ်…သူ့သီချင်းတွေ နားထောင်ရင်း သူနဲ့အတူတူ ကြီးပြင်းခဲ့ကြတဲ့ အတိုင်းပေါ့…ကန်းထရီးသီချင်းတွေကိုဆိုတတ်တဲ့ ဆယ်ကျော်သက်ကောင်မလေးဟာအခုဆိုရင် အသက် ၃၀ နားကိုချဉ်းကပ်နေတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်နေပါပြီ …ဒီအသက်အရွယ်အထိ သူဘယ်လို အားတင်းခဲ့ရတယ် ဘယ်လိုရဲရင့်ခဲ့ရတယ်ဘယ်လိုရင့်ကျက်ခဲ့ရတယ်ဆိုတာတွေကို …. ၁နာရီနဲ့ ၂၅ မိနစ်ကြာတဲ့ ဒီမှတ်တမ်းရုပ်ရှင်လေးထဲမှာခင်ဗျားတို့ မသိသေးတာတွေရော ခင်ဗျားတို့သိပြီးသားကိစ္စတွေရဲ့ အသေးစိတ်တွေကိုရောသူ့ရဲ့အချစ်ရေး မိသားစုအကြောင်းတွေရယ် သူ့ရဲ့ ဂီတဘဝနဲ့တသီးပုဂ္ဂလဘဝ အကျိုးသက်ရောက်မှုတွေကို သူ့သီချင်းလေးတွေ နားထောင်ရင်း ရှူမြင်ခံစားရမှာဖြစ်ပါတယ်

0 comments:

Post a Comment