Small Soldiers: Squad Commander (1998)

Rating : 7.9/10
Country : United State
Genre : Adventure 
Cast :  Tommy Lee Jones, Rodger Bumpass, Michael Giacchino
Released Date : 1998
Duration :  1h 41min 

သင်ဟာ ငယ်ငယ်လေးကတည်းက ရုပ်ရှင်တွေနဲ့ကြီးပြင်းလာခဲ့သူတစ်ယောက်ဆိုရင် ဒီဇတ်ကားလေးကို နှလုံးသားထဲမှာရှိနေမယ်ဆိုတာ အသေအချာပါဘဲ (movies lover)

အခုတင်ဆက်ပေးမယ့်ရုပ်ရှင်ကားကတော့ ကျွန်တော်တို့ 90 born တွေ ငယ်ဘဝက အတော့်ကိုစွဲစွဲလမ်းလမ်းကြည့်ခဲ့ဖူးတဲ့ small soldier (1998) ဆိုတဲ့ ကစားစရာစက်ရုပ်ကားလေးပဲဖြစ်ပါတယ်

မှတ်မှတ်ရရ တိတ်ခွေအထူကြီးတွေ အောက်စက်အထူကြီးတွေ နဲ့ ဘာစာတန်းထိုးမှမပါဘဲ နားမလည်ပါးမလည်ကြည့်ခဲ့ရတာတောင် တော်တော့်ကို ကြည့်လို့ကောင်းလွန်းလို့ တိတ်သားတွေပျက်တဲ့ထိ ထပ်ခါထပ်ခါကြည့်ခဲ့ဖူးပါတယ်

ဒါကြောင့် ကြည့်ဖူးပြီးသားသူတွေလည်း ငယ်ဘဝလေးတွေပြန်သတိရပြီး မကြည့်ရသေးတဲ့သူတွေလည်း တော်တော်လေးကိုကောင်းတဲ့ကားလေးမို့ ကြည့်စေချင်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ

ဇာတ်လမ်းအကျဉ်းလေးကတော့ အယ်လန်ဆိုတဲ့ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာပြဿနာရှာတတ်လွန်းလို့မိဘတွေရဲ့စောင့်ကြည့်ခြင်းခံနေရတဲ့သူပါ တစ်ရက်တော့ အဖေလုပ်တဲ့သူခရီးထွက်ရမှာမို့ သူ့အဖေဖွင့်ထားတဲ့အရုပ်ဆိုင်လေးကို တာဝန်ယူပေးဖို့ဖြစ်လာပါတော့တယ် တစ်ချိန်ထဲမှာပဲ လက်နက်ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတစ်ခုကစီးပွားရေးတိုးချဲ့တဲ့အနေနဲ့ အရုပ်စက်ရုံတစ်ခုကို ဝယ်လိုက်ရင်း ဝယ်ယူသူတွေသဘောကျလောက်မယ့် အရုပ်အသစ်အဆန်းတစ်ခုကို ထုတ်လုပ်ဖို့စီစဉ်လိုက်ပါတယ်

ပြဿဿ နာကတာ့ အဲ့ဒီမှာစပါပြီ ဆော့ဝဲအင်ဂျင်နီယာတစ်ယောက်ဟာ တိုက်ခိုက်ရေးနယ်ပယ်မှာ အသုံးပြုရမယ့် ချပ်စ်ပြားတွေကို အရုပ်ထဲမှာထည့်ကာထုတ်လုပ်မိပါတော့တယ် အဲ့ဒီအရုပ်တွေက အယ်လန်ရဲ့ဆိုင်ကိုရောက်သွားပြီး သူတို့မိသားစုကိုဘယ်လိုဒုက္ခပေးမလဲဆိုတာတော့ ရုပ်ရှင်ထဲဆက်ကြည့်ကြပါစို့လားဗျာ

0 comments:

Post a Comment