She Never Died (2019)

Rating : 5.0/10
Country : United State
Genre : Action, Comedy, Drama
Cast : Olunike Adeliyi, Peter MacNeill, Kiana Madeira 
Released Date : 2019
Duration : 1h 29min

She Never Diedဆိုတဲ့ဇာတ်ကားလေးထဲမှာတော့အဓိကသရုပ်ဆောင်၅ယောက်တည်းနဲ့တစ်ကားလုံးကိုတင်ဆက်သွားတာပါ။

လေစီဆိုတဲ့အမျိုးသမီးကဘယ်တော့မှမသေနိုင်တဲ့သူတစ်ယောက်ပါ။

တဲရန့်စ်နဲ့မဲရယ်ဒစ်တ်တို့ကလူကုန်ကူးပြီးတော့ရက်စက်တဲ့လုပ်ရပ်တွေကိုLiveလွှင့်ပြီးပိုက်ဆံယူတဲ့အလုပ်ကိုလုပ်ပါတယ်။

ရက်စက်တဲ့အလုပ်ဆိုတာလူတွေကိုမတရားနှိပ်စက်တာမျိုး၊တိရစ္ဆာန်တွေကိုသတ်ခိုင်းတာမျိုး၊သွေးထွက်သံယိုတွေလုပ်တာမျိုးပါ။ အဲလိုမြင်ကွင်းတွေကိုသဘောကျတဲ့လူတွေကLiveကိုကြည့်ပြီးတော့ပိုက်ဆံပေးကြတဲ့ငဘောပါပဲ။

လေစီကတစ်ခါတစ်ရံမှာအဲလိုမတရားသဖြင့်အနိုင်ကျင့်နေတဲ့ယောင်္ကျားတွေကိုတွေ့ရင်သတ်ပြီးတော့သူတို့ရဲ့လက်ချောင်းတွေကိုစားတယ်။ပြီးတော့လေစီကစကားသံတိုးတိုးတွေကိုကြားရင်စိတ်တွေရိုင်းလာပြီးမျက်စိရှေ့ကလူကိုသတ်ပစ်တယ်။ အဓိကကသူကရိုးတွင်းခြင်ဆီကိုစားချင်တာ။

လေစီကဇွန်ဘီလည်းမဟုတ်၊စက်ရုပ်လည်းမဟုတ်၊ဗမ်ပိုင်းယားလည်းမဟုတ်ပါဘူး။ အစကတော့သူလည်းလူဖြစ်မယ်ထင်တယ်။ သားလေးတစ်ယောက်ရှိတယ်တဲ့။

မတရားမှုတွေအတွက်ဘုရားသခင်ကဖန်ဆင်းလိုက်တဲ့သူတစ်ယောက်လို့ထင်တယ်။ လေစီကလက်စွပ်တွေဝတ်ထားတဲ့တဲရန့်စ်ကိုလိုက်ရှာနေတာပါ။

ဂေါ့ဒ်ဖရေးဆိုတဲ့စုံထောက်အဘိုးကြီးကလူပျောက်မှုတွေ၊လူသတ်မှုတွေကိုလိုက်စုံစမ်းတဲ့စုံထောက်ပါ။ တစ်နေ့အမှုနဲ့ပတ်သက်တာကိုလိုက်ရင်းလေစီနဲ့တွေ့ပြီးတော့လေစီနဲ့အပေးအယူလုပ်ကြတယ်။

ဂေါ့ဒ်ဖရေးကတဲရန့်စ်နဲ့ပတ်သက်ပြီးသိချင်တယ်။ လေစီက တဲရန့်စ်ကိုစားချင်တယ်။

လေစီကိုလူတစ်ယောက်ကိုသတ်ခိုင်းတယ်။ သတ်ပြီးရင်အဲ့လူကိုစားချင်စားလို့ရတယ်ဆိုပြီးပြောတယ်။

ဂေါ့ဒ်ဖရေးသတ်ခိုင်းတဲ့လူကိုသတ်ရာကဆူဇီဆိုတဲ့ကောင်မလေးကိုဖမ်းထားတယ်။ ဆူဇီနဲ့လေစီတို့တွေ့ပြီးနှစ်ယောက်အတူတူဂေါ့ဒ်ဖရေးအိမ်အဟောင်းမှာသွားနေကြတယ်။

လေစီစိတ်ရိုင်းဝင်ပြီးတော့ဆူဇီကိုသတ်မိမလိုဖြစ်သွားပြီး အသိစိတ်ဝင်လာတဲ့အချိန်အပြင်ကိုထွက်သွားရာကတဲရန့်စ်တို့နဲ့တွေ့ပြီးလေစီကိုဖမ်းသွားတယ်။

လေစီ၊ဂေါ့ဒ်ဖရေး၊ဆူဇီတို့နဲ့တဲရန့်စ်၊မဲရယ်ဒစ်တ်တို့ အဲ့နောက်ပိုင်းဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာဒီဇာတ်ကားလေးမှာဆက်ပြီးကြည့်ရှုကြပါလို့ပြောချင်ပါတယ်။ လပ်ကြမ်းကြမ်းခပ်မိုက်မိုက် ဇာတ်ကားတစ်ကားလို့ပြောချင်ပါတယ်။

0 comments:

Post a Comment