Scarface (1983)

Rating : 8.3/10
Country :  United State
Genre : Crime, Drama 
Cast : Al Pacino, Michelle Pfeiffer, Steven Bauer
Released Date : 1983
Duration : 2h 50min 

 Al Pacino ပါတယ် …Rating တွေကလည်း အတော်ကောင်း
ဆိုပေမယ့်လည်း ၁၉၈၃ ခုနှစ်က ကားဆိုတော့ လက်တွန့်နေတယ်….ဒါပေမယ့် ကြည့်ဖူးတာမမှားပါဘူးဆိုတဲ့အတွေးနဲ့အောင့်အီးသီးခံပြီးကြည့်ဖို့ဆုံးဖြတ်လိုက်တယ်…သို့ပေမယ့် ဒီကားက ဇာတ်လမ်းအစထဲက ခပ်ကြမ်းကြမ်းနဲ့စထားတယ်…
ပြသချိန်၃နာရီနီးပါးလုံးမှာ တစ်စက်ကလေးမှမပျင်းရိရဘူး…ဒီကားဟာ အပြင်မှာ တကယ်ရှိခဲ့တယ် မူးယစ်ရာဇာ ဂန်းစတားAl Capone ရဲ့အကြောင်းကိုအခြေခံရိုက်ကူးထားတယ်လို့ဆိုပါတယ်…သူ့ရဲ့နာမည်ပြောင်ဖြစ်တဲ့ Scarface ကိုပဲ ကားနာမည်အဖြစ်ယူပြီးရိုက်ကူးထားပါတယ်…..အန်တို နီယိုမွန်တားနားဆိုတဲ့ လူတစ်ယောက်ဟာ ကျူးဘားဒုက္ခသည်တွေနဲ့အတူ မိုင်ယာမီကိုရောက်လာတယ်.. သူနဲ့အတူ သူငယ်ချင်းတွေဖြစ်တဲ့ မန်နီ၊အိန်ဂျယ်နဲ့ချီချီတို့လည်းပါလာတယ်..မူးယစ်ဆေးဝါးကုန်သည် သူဌေးဖရန့်နဲ့အဆက်အသွယ်ရပြီး သူတို့အဖွဲ့ဟာ အရောင်းအဝယ်တစ်ခုလုပ်ခဲ့တယ်..တိုနီဟာ ဒီလောကနဲ့မစိမ်းသလို လက်ရဲဇက်ရဲ အကွက်မြင်တဲ့သူမို့ သူဌေးခိုင်းတဲ့အရောင်းအဝယ်ကိစ္စမှာ အအောင်မြင်ဆုံးဖြစ်အောင်ဆောင်ရွက်နိုင်ခဲ့တယ်…ဒီနောက်မှာတော့ သူဟာ တဖြည်းဖြည်းအောင်မြင်လာပြီး ကမ်းကုန်အောင်မိုက်တဲ့မူးယစ်ရာဇာဖြစ်သွားပါတော့တယ်…ကိုင်း ပရိတ်သတ်ကြီးရေ ခံစားကြည့်လိုက်ပါဦး….

0 comments:

Post a Comment