အညွှန်း
MBC ရုပ်သံလိုင်းကနေ
ဂျူလိုင် ၂၃ ရက်နေ့ကထုတ်လွှင့်ပြသခဲ့တဲ့
ဟာသရိုမန့်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်
အက်ဆီးဒင့်တစ်ခုကြောင့် ဦးနှောက်ထိခိုက်သွားတဲ့အပြင်
အချစ်ဆုံးသူငယ်ချင်းကိုပါ ဆုံးရှုံးလိုက်ရတဲ့
ဆရာဝန်လေး Han Seung Joo.
ခန္ဓာကိုယ်အတွင်းက hormoneဓာတ်တွေအကြောင်းကို
အရမ်းစိတ်ဝင်စားပြီး လုပ်ဖော်ကိုင်ဖက်တွေကပါ
hormone crazy လို့ခေါ်ရလောက်တဲ့အထိ
ရူးသွပ်နေတဲ့ ချစ်စရာမျက်နှာပိုင်ရှင်
ဆရာဝန်မလေး Joo In A။
Han Seung Joo ဟာ အက်ဆီးဒင့်ကြောင့်
ဦးနှောက်ကို ထိခိုက်မိပြီး နူးညံ့တဲ့လူအဖြစ်ကနေ
ဒေါသကြီးတဲ့လူတစ်ယောက်အဖြစ်ကို
ပြောင်းလဲသွားခဲ့ရာကနေ သူ့အချစ်ဆုံးသူငယ်ချင်းရဲ့
အသည်းကို ခွဲခဲ့တဲ့မိန်းမဟာလည်း
Joo In A ဖြစ်နေတာကိုသိလိုက်ရတဲ့အခါ ......
တစ်ဖက်မှာလည်း Joo In A က Han Seung Joo
ပြောင်းလဲသွားရခြင်းအကြောင်းကို ဟော်မုန်းကြောင့်
ပြောင်းလဲသွားမှန်းသိလိုက်ရတဲ့အခါမှာ
ဆေးစစ်ချက်ခံယူဖို့အတင်းအကြပ် နောက်ကလိုက်ရင်းနဲ့....
ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့
မတည့်အတူနေ စုံတွဲမျိုးဖြစ်မလဲဆိုတာ တော့....
Han Seung Joo အဖြစ် Ji Hyun Woo
Joo In A အဖြစ် Lee Si Young တို့က
သရုပ်ဆောင်ထားတာပါ
0 comments:
Post a Comment