Rescue Dawn (2006)

Rating : 7.3/10
Country : United State
Genre : Action, Biography, Drama 
Cast : Christian Bale, Steve Zahn, Jeremy Davies             
Released Date : 2006
Duration : 2h

ဒီဇာတ်ကားကတော့ အမေရိကန်ဗီယက်နမ် စစ်ဖြစ်နေဆဲကာလမှာလေယာဉ်ပိုင်းလော့ တစ်ဦးဖြစ်တဲ့ Dieter Dengler အကြောင်းကို ပြန်လည်ရိုက်ကူးထားတာပါ…ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်ရုံမက ခန္ဓာကိုယ်တွေပါပြောင်းပစ်ပြီး ပီပြင်အောင်စွမ်းဆောင်နိုင်တဲ့ Batman မင်းသား
Christian Bale ကတော့ ပိုင်းလော့ကြီးနေရာမှာ သရုပ်ဆောင်ထားပါတယ်…ဒီပိုင်းလော့ကြီး ဟာ ဗီယက်နမ်စစ်မြေပြင်ကိုသွားဖို့ ကိစ္စတစ်ခုနဲ့သွားရောက်ဖို့စေလွှတ်ခြင်းခံရတယ်…စစ်ဖြစ်နေဆဲကာလမို့ ဗီယက်နမ်ခရီးဟာ သူ့အတွက် အန္တရယ်များလှ သလို ဖြတ်သန်းသွားရမယ့် လာအိုနယ်ကလည်း သူ့အတွက် အသက်အချိန်မရွေးပျောက်နိုင်ပါတယ်..တကယ်လည်း သူလေယာဉ်ဟာလာအိုထဲကိုဖြတ်ပျံသန်းစဉ်မှာ ပျက်ကျခဲ့တယ်…ကံကောင်းထောက်မစွာ သူအသက်ရှင်ခဲ့ပေမယ့် သူဖမ်းဆီးခံလိုက်ရတယ်…ကိုင်းသူလွတ်မြောက်နိုင်မလား…. စစ်သုံပန်းဘဝကိုကြံ့ကြံ့ခံနိုင်မလား..ဘယ်လိုအပေးအယူတွေနဲ့ရော သူကြုံတွေ့မလဲ…ဆိုတာကိုတော့ ဖြစ်ရပ်မှန် ဇာတ်ကားကောင်းဖြစ်တဲ့အပြင် IMDb 7.3 နဲ့ rotten tomatoes.90% တေတာင်ရထားလို့လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပါ..

0 comments:

Post a Comment