Pet (2016)

Rating : 5.7/10
Country : United State
Genre :  Horror,Thriller
Cast :  Dominic Monaghan, Ksenia Solo, Jennette McCurdy 
Released Date : 2016
Duration :  1h 34min

Sethဟာ တိရိစ္ဆာန်စောင့်ရှောက်ရေးဂေဟာက ဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်
တစ်ခုသောနေ့လည်ခင်းမှာတော့ Sethက အမျိုးသမီးတစ်ယောက်ကို ဘတ်စ်ကားပေါ်မှာတွေ့ခဲ့ပါတယ်
အဲ့ဒီအမျိုးသမီးကတော့ Sethအထက်တန်းကျောင်းတုန်းက တစ်ဖက်သတ်ချစ်ခဲ့ရတဲ့ Hollyဆိုတဲ့မိန်းကလေးဖြစ်ပါတယ်
ခုအချိန်မှာ စားပွဲထိုးမလေးဖြစ်နေတဲ့Hollyကို ချစ်စကားကြိုက်စကားပြောဖို့ အကြိမ်ပေါင်များစွာကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး
ဒါကြောင့် သူအလုပ်လုပ်တဲ့ဂေဟာက လှောင်အိမ်ထဲမှာ Hollyကိုဖမ်းချုပ်ထည့်ထားဖို့ Sethက ဆုံးဖြတ်ခဲ့ပါတယ်
Sethက လှောင်အိမ်ကို ဂေဟာရဲ့အလုံခြုံဆုံးနေရာမှာ ထားထားပါတယ်
အထီးကျန်သမားSethဟာ သူတစ်ဖက်သတ်သဘောကျရတဲ့မိန်းကလေးကို ဘာကြောင့်များ လှောင်အိမ်ထဲ ဖမ်းထည့်ထားရတာပါလိမ့်
အတွင်းခံလောက်သာဝတ်ထားရတဲ့Hollyကို လှောင်အိမ်ထဲထည့်ထားရခြင်းဟာ သူမကိုကယ်တင်ဖို့အတွက်ပါလို့ ဘာကြောင့်ပြောရတာ

ပါလိမ့်ဆိုတာ....
ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားကြပါကုန်

0 comments:

Post a Comment