My Wife's Having An Affair This Week (2016)

12 Episodes

Rating : 8.1/10
Country : South Korean
Genre : Comedy,Romance,Drama,Family
Cast : Lee Sun Kyun,Song Ji Hyo,Kim Hee Won,Ye Ji Won,Lee Sang Yeob,Kwon BoA

ဇတ်လမ်းတွဲ နာမည်လေးက My Wife's Having An Affair This Week Drama

မြန်မာ အခွေဆိုင်ကတော့ " မျက် ရည် စိမ်းနဲ့ပျိးတဲ့ပန်း" ဆိုပြီး အခွေနာမည်လေးပေးထားပါတယ်။ ဒီဇာတ်လမ်းတွဲက 2016, October လက JTBC ရုပ်သံလိုင်းမှာ ပြသခဲ့တဲ့ Drama ပါ။ Lee Sun Kyun , Running man Song Ji Hyo တို့အပြင် Kim Hee Won , Ye Ji Won ,
while you are sleeping ထဲကဗိလိန်မင်းသား Lee Sang Yeob တို့လည်း ပါဝင်ထားပြီး အပိုင်းအရေအတွက် ၁၂ ပိုင်းပါဝင်ပါတယ်။

ဒီဇာတ်လမ်းလေးကတော့ 2007 ခုနှစ်မှာ Japan နိုင်ငံမှာ အရမ်းကို နာမည်ကြီးခဲ့တဲ့ Drama ကိုပဲ ပြန်လည်ရိုက်ကူးထားဖြစ်ပြီး ကြည့်ကောင်းမယ့် ပေါ့ပေါ့ပါးပါး ဟာသ ကားလေးပါ။ ဟာသလို ့ပြောပေမယ့်လဲ အရမ်းတွေရီနေရပြီး ပေါ့ပျက်ပျက်မဟုတ်ပဲ အိမ်ထောင်ရေးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စရပ်လေးတွေကို သေချာရိုက်ပြထားတဲ့ အိမ်ထောင်ရေးဇာတ်လမ်းလည်းဖြစ်ပါတယ်။

Lee Sun Kyun နဲ့ Song Ji Hyo တို့က လင်မယားတွေဖြစ်ပြီးလက်ထပ်ထားတာလည်း အတော်ကြာနေပြီး Lee Sun Kyun က Producer တစ်ဦး , သူရဲ့ လုပ်သက်ကလည်း 10 နှစ်ကျော် စီးပွားရေးလည်း အဆင်ပြေတယ်။သူတို့မိသားစုလေးမှာ ကလေး တစ်ယောက်လည်းရှိတယ်။မိသားစုလေးမှာ ဘာပြသနာမှ မရှိဘူး စိတ်ချမ်းချမ်းသာသာနေရတယ်ဆိုပြီး မင်းသားကပျော်နေတဲ့ အဲဒီ အချိန်မှာ သူ့မိန်းမရဲ့ ဖုန်းမှာ မူမမှန်တဲ့ Message တစ်စောင်ဝင်လာတာကစပြီး အဲဒီ သူမိန်းမဖြစ်တဲ့ Song Ji Hyo ကို ဖောက်ပြန်နေပြီထင်ပြီး အကုန်လိုက်စစ်တယ် သူမိန်းမသွားတဲ့ နေရာတွေလည်း လိုက်ချောင်းတယ်။

တကယ်လည်း Song Ji Hyo ကို နောက်ယောကျ်ားတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ ပြီးရင် သူအလုပ်က Junior လေးတွေပြောတဲ့ ဖောက်ပြန်တဲ့ အကြောင််းတွေကို မသိမသာနားထောင်တယ်။ ပြီးရင် Lee Sun Kyun က Social Network တစ်ခုမှာ သူဖြစ်နေတဲ့ ပြသနာကို တင်ပြီး အကြံဉာဏ်တွေယူတယ် သူရဲ့မိန်းမကလည်း အဲဒီယောကျ်ားနဲ့ ဘာလို့ပတ်သတ်နေတယ်ဆိုတာကိိ သူလိုက်စုံစမ်းတယ် ရီလည်းရီရပါတယ်။

အိမ်ထောင်ရေးကားဆိုပေမဲ့ ဗဟုသုတလဲရသလို ဟာသလေးပါတွဲထားတာမို့ မပျင်းရဘူးနော်။ဒီဇာတ်လမ်းတွဲမှ Running man ထဲမှာမျက်နှာပြောင်နဲ့ မြင်နေကျ မတ်မတ် ဂျီဟို ကအရမ်းလဲလှနေတယ် ကြည့်ဖြစ်အောင် ကြည့်လိုက်ပါနော်

0 comments:

Post a Comment