My First Client (2019)

Rating : 7.0/10
Country : Korea
Genre : Drama
Cast : Dong-hwi Lee, Seon Yu, Myung-Bin Choi
Released Date : 2019
Duration : 1h 54min

 ဒီရုပ်ရှင်ရဲ့အဓိကအကျဆုံးအရာမှာ ဒရာမာ၊ သရုပ်ဆောင်နှင့်ဟာသတို့အကြားတွင်ကောင်းမွန်စွာဖန်တီးနိုင်မှုစွမ်းရည်ဖြစ်တယ် ။ ဇန်ရီက ဆိုးလ်မြို့ရှိဥပဒေကုမ္ပဏီတွင် ​​ရှေ့နေအဖြစ်အလုပ်ရှာရန်ကြိုးစား​​ပေမဲ့ မြို့ငယ်လေးမှဖြစ်တဲ့အတွက် မလွယ်ကူခဲ့ပါဘူး ။ အဲအချိန်အတွင်း ကလေးစောင့်ရှောက်ရေးစင်တာတွင် စအလုပ်လုပ်တဲ့အချိန်မှာ မိထွေးဖြစ်သူက သူမရဲ့လည်ပင်းကိုညှစ်တယ်ဟု ရဲတိုင်တဲ့ ၁၀နှစ်အရွယ် ဒါဘင်နဲ့ တွေ့ဆုံခဲ့ပါတယ် ။ ဇန်ရီက ဘာမှမလုပ်ပေးနိုင်သောကြောင့် ကလေးမက သူမိသားစုဆီကို ပြန်ရောက်ခဲ့ပါတယ် ။ ဒါဘင်နဲ့ သူ့မောင်က ကလေးစောင့်ရှောက်ရေးစင်တာရှိ ဇန်ရီဆီ နေ့တိုင်းသွားကြပါတယ် ။ မိထွေးက ကလေးတွေကို အနိုင်ကျင့်မှန်း ဇန်ရီ သိနေလဲ ဘာမှလုပ်ပိုင်ခွင့်မရခဲ့ပါဘူး ။ ဇန်ရီကို ဆိုးလ်မြို့ရှိဥပဒေကုမ္ပဏီတစ်ခုမှ အလုပ်ခန့်တဲ့အတွက်ကြောင့် ဒါဘင်နဲ့သူ့မောင်အား နှုတ်ဆက်စကားမပြောဘဲ ဆိုးလ်သို့ သွားခဲ့ပါတယ် ။ တစ်နေ့မှာ ဒါဘင်က သူ့မောင်ကိုသတ်ခဲ့တယ်လို့ ဖုန်းကို လက်ခံရရှိတဲ့အချိန်မှာ ဘာဆက်ဖြစ်မလဲဆိုတာ….

0 comments:

Post a Comment