Midnight Special (2016)

Rating : 6.6/10
Country : United State
Genre :   Action, Adventure, Sci-Fi 
Cast :    Michael Shannon, Joel Edgerton, Kirsten Dunst 
Released Date : 2016
Duration : 1h 52min 

ထူးခြားတဲ့စွမ်းအင်တွေပိုင်ဆိုင်ထားတဲ့ ၈နှစ်သား ကလေးတစ်ယောက်။

တချို့က သူ့ကို ဘုရားသခင်စေလွှတ်လိုက်တဲ့သူတို့ရဲ့ ကယ်တင်ရှင်လို့ ထင်မှတ်ကြတယ်။ သူ့ရဲ့နှုတ်ထွက်စကားတွေက ကျမ်းစာဖြစ်လာပြီး ကမ္ဘာပျက်ကိန်းကနေလွတ်ဖို့ သူနဲ့အတူရှိနေရမယ်ပေါ့။ တချို့ကတော့ ဖျက်အားပြင်းလက်နက်တစ်ခုတဲ့။ အဲ့ဒီလို ထင်ကြေးတွေက တကယ်ပဲမှန်ကန်နေမလား။ အဲ့ဒီလို ထင်ကြေးတွေနဲ့ နည်းပေါင်းစုံသုံးပြီး လိုက်နေကျတဲ့ သူတွေရဲ့လက်ထဲကနေရော သူ့အဖေက သူ့ကိုလွတ်အောင်ခေါ်ပြေးနိုင်ပါ့မလား။ ကောင်လေးပိုင်ဆိုင်ထားတဲ့စွမ်းအင်တွေကရော ဘာတွေလဲ။ သိတတ်စအရွယ်ကနေစပြီး နေ့အလင်းရောင်ကို တခါမှမမြင်ဖူးခဲ့ပဲ ညဖက်တွေမှာပဲ နိုးထခွင့်ရခဲ့တဲ့ကောင်လေးက နေထွက်ချိန်ကို မြင်လိုက်ရတဲ့အခါမှာ ဘာတွေဆက်ဖြစ်လာမလဲ..

ဒီ ၂၀၁၆ ခုနှစ်က ထွက်ခဲ့တဲ့ Midnight Special ဆိုတဲ့ကားလေးက IMDB rating 6.6 ရရှိထားခဲ့ပြီး It ထဲက ဇာတ်ဆောင်မင်းသားလေး Jaeden Lieberher ကို ပိုငယ်တဲ့ကလေးတယောက်အနေနဲ့ တွေ့ရမှာဖြစ်တဲ့အပြင် ကျွန်တော်တို့ရဲ့ Mary James လေးကိုလဲ ပြန်တွေ့ရဦးမှာပါ။ ဒါ့အပြင် ဒီထဲမှာပါဝင်တဲ့ ဇာတ်ဆောင်အားလုံးနီးပါးကလဲ ခင်ဗျားတို့ကျွန်တော်တို့နဲ့ မစိမ်းကြတဲ့သူတွေမို့ ကြည့်ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်မယ်မှန်း သိလောက်ကြမှာမို့ ဆက်လက်ကြည့်ရှုပေးကြပါခင်ဗျ။

0 comments:

Post a Comment