Mercury (2018)

Rating : 6.2/10
Country : Inida
Genre : Horror, Thriller 
Cast : Prabhu Deva, Gajaraj, Ramya Nambeeshan    
Released Date : 2018
Duration : 1h 46min

သင်ဟာ သီချင်းလည်းမဆို၊ ကလည်းမက၊ စကားတစ်လုံးမှ
မပြောသော India နိုင်ငံကရိုက်တဲ့ ဇာတ်ကားကို
ကြည့်ဖူးပါသလား၊ ကျွန်တော်ကတော့ ဒီဇာတ်ကား
မတိုင်ခင်ထိ အဲ့လိုကားမျိုး မကြည့်ဖူးခဲ့ဘူး၊
ဒီဇာတ်ကားက India ရဲ့ ပထမဆုံးတော့ Silence Flim
လို့ ပြောလို့ရမယ် စေ့စေ့ပေါက်ပေါက် လေ့လာရင်တော့ လွန်ခဲ့သော ၃၂
နှစ်ခန့်က တောလီးဝုဒ်က ရိုက်တဲ့ဇာတ်ကားတစ်ကားတော့
ရှိခဲ့ဖူးတယ်၊ ဒါပေမဲ့ လုံးဝ စကားတစ်ခွန်းမှမပြောတာကတော့ ဒီဇာတ်ကားက ပထမဆုံးပဲ၊
နောက်ပြီး အခု ဒီဇာတ်ကားကို ရိုက်ကူးခဲ့တာလည်း
ကေါလီးဝုဒ်ကပဲ ဖြစ်နေခဲ့တယ်၊
ဒီနေရာမှာ ကောလီးဝုဒ်က ဘောလီးဝုဒ်ထက်
ရှေ့ရောက်သွားတယ်လို့ ပြောလို့ရတယ်၊

ဒါဆို ဒီဇာတ်ကားက ဘယ်လိုဇာတ်ကားမျိုးလည်း.....

လှပပြီး အေးချမ်းသာယာတဲ့ တောင်ပေါ်မြို့လေးတစ်မြီု့က လွန်ခဲ့သော ၁၈ နှစ်က အဲ့ဒီ့မြို့လေးမှာ
အခြေစိုက်ထားတဲ့ စက်ရုံတစ်ရုံရဲ့ ပယောဂကြောင့်
မာကျူရီအဆိပ်သင့်ပြီး လူပေါင်း ၈၂ ယောက်
သေဆုံးခဲ့ပြီး အသက်ရှင်ကျန်ခဲ့တဲ့သူတွေကလည်း
အကြားအာရုံချို့တဲ့တာတွေ၊အမြင်အာရုံပျောက်ကွယ်သွားတာတွေ၊ ဆွံအနားမကြားဖြစ်တာတွေ အများကြီးခံစားခဲ့ရတယ်၊
ဒိ်လို ကိစ္စတွေဖြစ်ပြီး ၁၈ နှစ်အကြာမှာတော့ အဲ့ဒီမြို့လေးမှာ နှစ်စဉ်လုပ်နေကြ အမှတ်တရပွဲလုပ်ကြတယ်၊
ဒီမြို့လေးမှာနေထိုင်နေတဲ့သူတွေကော

တစ်နယ်တစ်ကျေးရောက်နေတဲ့သူတွေပါလာခဲ့ကြတယ်၊
အဲ့ဒီထဲမှာ အရင်ကဒီမြို့လေးမှာနေထိုင်ခဲ့တဲ့
ဆွံအနားမကြားတဲ့ သူငယ်ချင်း ၅ ယောက်လည်း
အပါအဝင်ပေါ့၊
သူတိူ့နာမည်တွေက ဘယ်သူလည်းတော့မသိဘူး
သူတိူ့အဖွဲ့မှာ ယောကျာ်းလေး ၄ ယောက်နဲ့ မိန်းကလေး
၁ ယောက်ပါတယ်၊ အထိမ်းအမှတ်ပွဲလည်းအပြီး
သူငယ်ချင်း ၅ယောက်ကလည်း ပျော်ပါးနေခဲ့ကြတယ်၊
သူတို့အဖွဲ့မှာပါတဲ့ ကောင်လေးတစ်ယောက်က
သူတို့ထဲက ကောင်မလေးကို ညကျရင် ချစ်ခွင့်ပန်ဖို့
စီစဉ်ထားတယ်၊ ဒါနဲ့ သူတိူ့သူငယ်ချင်းအုပ်စု
တောင်ပေါ်တစ်နေရာသွားပြီး အောင်ပွဲခံကြတယ်၊
လမ်းမှာ အပြန် စနောက်နေရင် လမ်းကွေ့တစ်ခုမှ
တစ်ခုခုကို တိုက်မိသွားခဲ့တယ်၊
ကားပေါ်ကဆင်းကြည့်တဲ့အချိန်မှာတော့ လူတစ်ယောက်
သေနေတာတွေ့ရတယ်၊ ကြောက်လန့်တစ်ခြားနဲ့
ရဲအမှုမပတ်အောင် အလောင်းဖျောက်ဖို့ ကြံစည်ပြီး
Mercury အဆိပ်သင့်နေတဲ့ စက်ရုံအဟောင်းမှာ
အလောင်းကို သွားပစ်ခဲ့တယ်၊

ဒါပေမဲ့....
ကံဆိုးမှုတစ်ခုက ချိတ်ဆက်လာတဲ့အခါမှာတော့
သူတို့ သူငယ်ချင်း ၅ ယောက်လုံး အဲ့ဒီ့စက်ရုံကြီးဆီကို
တစ်ခေါက်ပြန်သွားရဖို့ ဖြစ်လာခဲ့တော့တယ်၊
ဒီတစ်ခေါက်သွားရတဲ့အချိန်မှာ ဘယ်လိုကံဆိုးမှုတွေ
ဘယ်လို ခြောက်လန့်မှုတွေ ဘယ်လိုသွေးပျက်မှုတွေ
ကြုံတွေ့ရမလည်းဆိုတာကတော့.....
ဒီဇာတ်ကားရဲ့ trailer ကို April First Week မှာ စတင်
ထုတ်လွှင့်ခဲ့ပြီး ရုပ်ရှင်ကိုတော့ April Third Week မှာ
ရုံတင်ပြသခဲ့တယ်၊ လက်ရှိနိုင်ငံတကာမှာ အောင်မြင်
ကျော်ကြားနေတဲ့ A Quite Place လို ဇာတ်ကားမျိုးနဲ့
နှိုင်းယှဉ်ပြီး ချီးကျူးခံနေရတဲ့ ဇာတ်ကားတစ်ကားလည်း
ဖြစ်တယ်၊

ဒီဇာတ်ကားကို ရိုက်ကူးထားတဲ့ ဒါရိုက်တာက လက်ရှိ
ကောလီးဝုဒ်လောကမှ အသက်ငယ်ငယ်နဲ့ အောင်မြင်
နေတဲ့ ဒါရိုက်တာတစ်ယောက်လည်းဖြစ်တယ်၊
ဒီဇာတ်ကားကိုလည်း သူကိုယ်တိုင် ဇာတ်ညွှန်းရေးပြီ
ကိုယ်တိုင်ရိုက်ကူးထားတယ်၊
ဇာတ်လမ်းပုံစံက horror ပုံစံထင်ရပေမယ့်
First Half မှာ romance & horror
Second Half မှာတော့ suspence & drama ဘက်
သွားတယ်၊ အဲ့လို စုံအောင်ရေးထားတဲ့ ဇာတ်ညွှန်းကြောင့်
ဇာတ်လမ်းက ကောင်းသင့်သလောက် မကောင်းခဲ့ဘူး၊
မူရင်း ပုံစံဖြစ်တဲ့ Silence Horror ဆိုရင် ဒီ့ထက်
ပိုကောင်းမယ်လို့ ယူဆရပါတယ်၊
ဒါပေမဲ့ အခုအနေထားကလည်း တော်တော်လေးကို
ကြည့်ပျော်ရှုပျော်ရှိပြီး entertain ဖြစ်ခဲ့ပါတယ်၊

အထူးတလည် ချီးကျူးလိုတာကတော့ စကားတစ်လုံးမှ
မပြောတဲ့ ဒီလိုဇာတ်ကားမျိုးမှာ ဇာတ်လမ်း tempo ကို
ပါးစပ်ကမပြောပဲ နောက်ခံတီးလုံးတွေနဲ့ ပုံဖော်သွားတဲ့
Background Music ကတော့ လုံးဝထိပ်တန်းပါပဲ၊
အဓိကသုံးသွားတဲ့ orchestra တီးလုံးတွေနဲ့ Piano
တီးလုံးတွေကရှယ်ပါ၊ တော်တေ်ာလေးကောင်းသလို
ဇာတ်လမ်းကို အများကြီး ထောက်ပံပေးခဲ့နိုင်ခဲ့တယ်၊
အတုယူစရာပါပဲ၊ရုပ်ရှင်ရုံမှာ ကြည့်ဖြစ်ရင်တော့
ပိုကောင်းပါတယ်၊ အသံအသေးစိတ်ကအစ
ကြားရတော့ ပိုမိုက်တာပေါ့၊
နောက်ထပ်သဘောကျတာက တောင်ပေါ်မြို့ရဲအလှနဲ့
စက်ရုံဟောင်းရဲ့ ဇာတ်ဝင်ခန်းတွေမှာ အကောင်းဆုံး
လက်စွမ်းပြထားတဲ့ DOP ကတော့ တကယ်ကို ကြမ်းပါ
တယ်၊ မင်းသားက မင်းသမီးကို ချစ်ခွင့်ပန်တဲ့အခန်းဆို
ရိုက်ထားတာ တကယ်မိုက်တယ်၊

နောက်ပြီး စက်ရုံဟောင်းထဲက ဇာတ်ဝင်ခန်းတွေမှာ
သုံးထားတဲ့ mercury အရောင်လေးတွေကလည်း
ဇာတ်ကိုအများကြီးကြွလာခဲ့တယ်၊
စက်ရုံဟောင်းထဲမှာ စွန့်ပစ်ခံရတဲ့သူအဖြစ်သရုပ်ဆောင်
တဲ့ သူကတော့ Dance Movies ဖြစ်တဲ့ ABCD 1&2 မှာ
ပါဝင်သရုပ်ဆောင်ထားတဲ့ Prabhu Deva က
အထူးသရုပ်ဆောင်ထားတယ်၊ သူက အဆိုတော်
တစ်ယောက်၊ အကဆရာတစ်ယောက်အဖြစ် လူသိများ
ပေမယ့် ဒီကားမှာတော့ ပုံစံလုံးဝကွဲအောင် သရုပ်ဆောင်
ထားတယ်၊

အဓိက သရုပ်ဆောင်တွေက ဆွံအနားမကြားဆိုတော့
လက်ဟန်ခြေဟန်နဲ့ စကားပြောကြပေမယ့် ကြည့်တဲ့
ပရိသတ်တွေကနားလည်မှာ စိတ်ပူစရာမလိုပါဘူး၊
ဒါဟာရုပ်ရှင်တစ်ကားပါ၊
ရုပ်ရှင်တစ်ကားက စကားတစ်လုံးမှမပြောပေမယ့်လည်း
ကြည့်ရှု့သူပရိသတ်ကို ဝမ်းသားမှု၊ ကြည်နူးမှု၊ပျော်ရွှင်မှုု၊
ကြောက်လန့်မှု စတဲ့ ရသပေါင်းစုံကို ခံစားခဲ့ရတယ်၊
ဒိုင်ယာလောခ့်အကြီးကြီးတွေပြောဖို့မလိုပါဘူး၊
သာမန်လူတွေနားလည်နိုင်တဲ့ ပုံစုံမျိုးဆိုရင်
သေချာပေါက် အကြိုက်တွေ့ကြမှာပါ၊

ဒီကားကို ညွှန်းဆိုရတာကတော့ ထူးထူးခြားခြား
စကားမပြောတဲ့ india ဇာတ်ကားတစ်ကားဖြစ်သလို
Horro fan တွေ စိတ်ကျေနပ်စေမယ့် ဇာတ်ကားတစ်ကား
ပါ၊ ဒါကြောင့် လက်တို့လိုက်ရပါတယ်၊

0 comments:

Post a Comment