Meow, the Secret Boy (2020)

12 Episodes

Rating : 7.9/10
Country : South Korean
Genre : Friendship,Comedy,Romance,Drama,Fantasy
Cast : Kim Myung Soo,Shin Ye Eun,Seo Ji Hoon,Yoon Ye Joo,Kang Hoon

Fantasy/Romantic Comedy/Drama အမျိုးအစားဖြစ်ပြီးတော့ webtoon ကိုအခြေခံပြီးရေးထားတာဖြစ်ပါတယ် ၊

ခေါင်းဆောင်မင်းသား Hong-Zo (Kim Myung Soo) ကိုအားလုံးသိထားကြပြီးသားဖြစ်မှာပါ…
Angle last’s mission ထဲက ပါးချိုင့်လေးနဲ့နတ်သားလေးကို ဒီဇာတ်လမ်းထဲမှာတော့ လူသားအသွင်ပြောင်းနိုင်တဲ့ ကြောင်လေးတစ်ကောင်အဖြစ်နဲ့ မြင်ရတော့မှာပါ ၊
သူ့ရဲ့တာဝန်ကတော့ သူရဲ့သခင် Sol Ah ရဲ့တစ်နေ့တာပူပန်မှုတွေကိုနားထောင်ပေးပြီး ဒဏ်ရာတွေကုစားပေးရမှာပါ ။

မင်းသမီးလေးကတော့ ‘He is Psychometric’ ဇာတ်ကားနဲ့ လူသိများလာတဲ့ နှာခေါင်းမည့်လေးနဲ့ ရိုးရိုးရှင်းရှင်းလေးနဲ့လှတဲ့မင်းသမီးလေး Sol Ah တစ်ဖြစ်လဲ Shin Ye Eun ပဲဖြစ်ပါတယ် ၊
သူမကတော့ web-based comic author ဖြစ်ချင်နေတဲ့သူတစ်ယောင်ပါ ၊ ကြောင်လေးတွေကိုအရမ်းချစ်တတ်တဲ့သူပေါ့ …

Sol Ah ရဲ့ဘဝအပြောင်းအလဲကတော့ ချစ်ဖို့ကောင်းတဲ့ကြောင်လေးတစ်ကောင်ကို အိမ်ကိုခေါ်လာမိရာကနေစတင်ပါတော့တယ် ၊
အဲ့ကြောင်လေးကတော့ သာမန်ကြောင်လေးတစ်ကောင်မဟုတ်ဘဲနဲ့ လူသားအသွင်ဖန်တီးနိုင်တဲ့ကြောင်လေးတစ်ကောင်လည်းဖြစ်ပါတယ် ၊
နာမည်ကတော့ Hong Jo ပေါ့…

Hong Jo လေးဟာ Sol Ah လေးအတွက်အချစ်ရဆုံးသောကြောင်လေးတစ်ကောင် ဖြစ်လာခဲ့ပါတယ် ၊
သူ့ရဲ့အစွမ်းသတ္တိကိုဖုံးကွယ်ပြီးတော့ Sol Ah အနားမှာနေရဖို့အတွက် ဘာမဆိုလုပ်နိုင်တယ်ဆိုတာကိုလည်း သက်သေပြနိုင်ခဲ့ပါတယ်

ကဲ ကြောင်လေး Hong Jo တစ်ယောက် သူ့ရဲ့လျှို့ဝှက်ချက်ကိုတစ်သက်လုံးဖုံးကွယ်သွားနိုင်မလား ၊
ဒါမှမဟုတ် ကြောင်လေးနဲ့လူသားကြားထဲက ချစ်ခြင်းမေတ္တာတွေက ဘယ်လောက်တောင်နက်ရှိုင်းလာမလဲ ဘယ်လိုဆန်းကြယ်မှုတွေကို တွေ့မြင်ရမလဲဆိုတာကို…

0 comments:

Post a Comment