20 Episdoes
Rating : 8.1/10
Country : South Korean
Genre : Historical,Romance,Drama,Melodrama,Political
Cast : Yoo Seung Ho,Kim So Hyun,Kim Myung Soo,Yoo So Hee
ဒီဇာတ်ကားလေးထဲမှာတော့ Main Actor တွေ အဖြစ် နာမည်ကြီး မင်းသားတစ်လက်ဖြစ်တယ် Yoo Seung-Ho နှင့် KPop Boy Group တစ်ခုဖြစ်တဲ့ infinite အဖွဲ့မှ L တို့က ပါဝင်ထားပြီးဘMain Actress တွေ အဖြစ် Let’s Fight Ghost ဇာတ်လမ်းတွဲလေးထဲမှာ လူသိများလာခဲ့တဲ့ မင်းသမီးချောလေး Kim So-Hyun နှင့် နောက်ထပ် မင်းသမီးချောလေး Yoon So-Hee တို့က ပါဝင်ထားပါတယ် …
ဇာတ်လမ်းအကျဉ်းလေးကတော့ –
၁၇၀၀ ပြည့်နှစ်မှာ ဖြောင်းဆိုး လို့ အမည်ရတဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုဟာ ဂျိုဆွန်းမင်းဆက်မှာ ဘုရင်တွေကိုပဲ လက်အောက်ခံအဖြစ် သိမ်းသွင်းထားနိုင်ခဲ့တဲ့အထိ အရှိန်အဝါကြီးမားခဲ့ပါတယ် …
ဂျိုဆွန်းမင်းဆက်ရဲ့ ဘုရင်တစ်ပါးဖြစ်တဲ့ ရီယွန်း ဟာလဲ ဖြောင်းဆိုးအဖွဲ့အစည်းရဲ့ ကြိုးဆွဲရာကတဲ့ မင်းကြီး အရုပ်တစ်ရုပ် ဖြစ်ခဲ့ပါတယ် …
တစ်နေ့တော့ ဘုရင်ရီယွန်းမှာ သားတော်တစ်ပါး ဖွားမြင်ခဲ့ပါတယ် … နန်းတော်ရှိ နက္ခတ်ဗေဒင်ပညာရှင်များရဲ့ အဆိုအရ ထိုကလေးဟာ စစ်မှန်တဲ့ဘုရင်တစ်ပါးဖြစ်လာနိုင်တယ့် ကံဇာတာနှင့်အတူ မွေးဖွားလာတယ်လို့ သိရပါတယ် …
ထိုမင်းသားလေးကတော့ လီစွန်း ပဲ ဖြစ်ပါတယ် … အိမ်ရှေ့စံမင်းသားလေး လီစွန်း ဟာ လူမှန်းမသိတတ်ခင်မှာ ဖြောင်းဆိုးအဖွဲ့အစည်းရဲ့ လုပ်ကြံအဆိပ်ခေတ်ခြင်းကို ကြုံခဲ့ရပါတယ် … ဒါပေမဲ့လဲ လီစွန်းရဲ့ ကံကြမ္မာကြောင့် သေဘေးမှ လွတ်မြောက်ခဲ့ပါတယ် …
ဒီလိုနဲ့ အရွယ်ရောက်လာတဲ့အခါ အိမ်ရှေ့စံ မင်းသားလေး လီစွန်း နှင့် ဂျိုဆွန်းပြည်တစ်ခုလုံးမှာ အမြစ်တွယ်သလို တွယ်လာခဲ့ပြီး အင်အားကောင်းတဲ့ ဖြောင်းဆိုးအုပ်စုနှင့် အားပြိုင်ပုံကို ရိုက်ကူးပြသထားမှာဖြစ်ပါတယ် …
စစ်မှန်တဲ့ဘုရင်တစ်ပါးဖြစ်ဖို့ ကြိုးပမ်းရင်း မင်းသားလေး လီစွန်း ဟာ ချစ်ခင်မြတ်နိုးရတဲ့ သူငယ်ချင်းတွေ နဲ့ ချစ်သူတစ်ဦးကိုပါ မမျှော်လင့်ပဲ ကြုံတွေ့ခဲ့ရပါသေးတယ် … ထိုမိန်းကလေးကတော့ ဖြောင့်မတ်မှန်ကန်တဲ့ အမတ်ကြီးတစ်ဦးရဲ့ သမီးဖြစ်သူ ဂါအွန်း ပါ …
ဒီလိုနဲ့ လီစွန်း ရဲ့ သူငယ်ချင်းတွေနဲ့အတူ ချစ်ရသူဖြစ်တဲ့ ဂါအွန်း တို့က ဖြောင်းဆိုးအဖွဲ့အစည်းနဲ့ အတိုက်အခံလုပ်ရာမှာ အိမ်ရှေ့စံမင်းသားလေး လီစွန်း ကို ဘယ်လို အကူအညီပေးမလဲ ?? ဖြောင်းဆိုးအဖွဲ့အစည်းကရော ဘယ်လောက်ထိ အင်အားကြီးမားမလဲ ?? နှစ်ဖွဲ့ကြား တိုက်ပွဲဘယ်လောက်ထိ ပြင်းထန်မလဲဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ် …

0 comments:
Post a Comment