50 Episdoes
Rating : 8.1/10
Country : South Korean
Genre : Romance,Family,Medical,Melodrama
Cast : Yoo Dong Geun,Jang Mi Hee,Han Ji Hye,Lee Sang Woo
မင်းသား လီဆန်ဝူး၊ မင်းသမီး ပတ်ဆွန်းယောင်းနဲ့ မင်းသမီး ဟန်ဂျီဟေးတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
မိသားစု တစ်ခုအတွင်းက မျိုးဆက်သစ်လူငယ်တွေရဲ့ အချစ်ရေးရာ ဆက်ဆံရေးတွေအကြောင်း ဇာတ်အိမ်တည် ရိုက်ကူးထားတာဖြစ်ပါတယ်။
ပတ်ယူဟာ ဟာ ဆေးတက္ကသိုလ်မှာ စာကြိုးစားခဲ့ပြီးတော့ အလုပ်သင်ဆရာဝန် သင်တန်းလည်း ပြီးဆုံးခဲ့ပြီ ဖြစ်ပါတယ်။
သူဟာ သူ့အဖေကြောင့် ဆရာဝန်ဖြစ်ဖို့ ကြိုးစားနေရသူလည်းဖြစ်ပါတယ်
သူအဖေက ကိုယ့်ခွန်ကိုယ့်အားနဲ့ ကလေး ၄ ယောက်ကို ကျွေးမွေးပြုစုခဲ့ရပါတယ်။
ယူဟာရဲ့ အစ်မက မိသားစုအတွက် မိမိဘဝတိုးတက်လမ်းတွေကို အကုန်စွန့်လွှတ်ထားသူလည်းဖြစ်ပါတယ်။
မိသားစုရေးရာ ခံစားချက်တွေ ပြင်းထန်တဲ့ ပတ်ယူဟာ ဟာ တခြားလူတွေပေါ်မှာ သိပ်ပြီး စိတ်ဝင်စားလေ့မရှိပါဘူး။
ရုတ်တရက်ပဲ သူ့အဖေဟာ အဆောက်အဦးတစ်ခုကို ပိုင်ဆိုင်တဲ့ ချမ်းသာတဲ့အမျိုးသမီးတစ်ဦးနဲ့ လက်ထပ်ခဲ့ပါတယ်။
တစ်ဖက်မှာတော့ ဂျောင်အွန်းထယ်ဟာ ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။
နိုင်ငံရပ်ခြားမှာ ဆေးကုသရေးအတွက် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် အွန်းထယ်ဟာ လက်ထပ်ဖို့ စိတ်မဝင်စားသေးဘဲ ဖခင်ကိုယ်တိုင်ကလည်း မိသားစုရေးထက် ဆေးကုသရေးဘက်ကိုသာ ဦးစားပေးဖို့ ညွှန်ကြားထားပါတယ်။
ဂျောင်အွန်းထယ်ဟာ သူ့ကိုယ်သူဖအေတူ
သားဖြစ်တယ်လို့ ယုံကြည်ထားသူလည်း ဖြစ်ပါတယ်။
တနေ့မှာ ပတ်ယူဟာနဲ့ ဂျောင်အွန်းထယ်တို့ လုပ်ငန်းခွင်မှာ အမှတ်မထင် ဆုံတွေ့ခဲ့ကြပြီးနောက် ခံယူချက်ပြင်းထန်တဲ့ မိသားစုနှစ်ခုကြား တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပါတော့တယ်။
မတ် ၁၇ ရက်နေထုတ်လွှင့်ပြသနေပြီးတော့ အပိုင်း ၅၀ ရှိပါတယ်။

0 comments:
Post a Comment