Man Who Dies to Live (2017)

24 Episdoes

Rating : 7.1/10
Country : South Korean
Genre : Comedy,Drama,Family
Cast : Choi Min Soo,Kang Ye Won,Shin Sung Rok,Lee So Yeon

ဒီဇာတ်လမ်းက (2017) ကထွက်ရှိထားပြီး ဟာသကားလေးပဲဖြစ်ပါတယ်။ထူးခြားမှုအနေနဲ ့ ဗီလိန်အဖြစ်သရုပ်ဆောင်သူတွေနဲ ့ ခုတ်မယ်ထစ်မယ် ထိုးမယ်ကြိတ်မယ်ဆိုတဲ ့သူတွေက အခွက်တွေပြောင်နေတာပါပဲ၊ Return,Liar Game,On The Way to The Airport နဲ ့The Last Empress တို့မှာပါ မင်းကြီးသရုပ်ဆောင်ထားတဲ ့ Shin Sung-rok နဲ ့ ခု KnK တင်နေတဲ ့ pride and prejudice ထဲက အဖွဲ ့ခေါင်းဆောင်အဖြစ် ပါဝင်တဲ ့Choi Min-soo ပဲဖြစ်ပါတယ်၊ ဒီဘဲကြီး(Choi Min-soo) ကားတွေကတော့ တော်တော်များသလို အမှတ်ရဆုံးက Running Man မှာ ဧည့်သည်အဖြစ်ပါဝင်တုန်း တော်တေ်ာသဘောကျတာတော့အမှန်ပဲ၊မင်းသမီးတွေက Kang Ye-won နဲ ့Lee So-yeon တို့ပဲဖြစ်ပါတယ်။ အပျင်းပြေပေါ့ပေါ့ပါးပါးကြည့်လို့ရမဲ့ကားလေးပါ။ အပိုင်းအရေအတွက် (၂၄)ပိုင်း ပါဝင်ပါတယ်။ ဇာတ်လမ်းက Mideast(google ခေါက်ပါ)ကို အခြေတည်ပီး ဘိုတာတီယာဆိုတဲ ့ တိုင်းပြည်ရဲ ့ ဘုရင်အနားမှာနေရတဲ ့ ကိုရီးယားလူမျိူး ဆာအီဖာအာလီတယောက်......ဘုရင်က သူ့သမီးတော်တွေထဲကတယောက်နဲ ့လက်ဆက်ပေးတာကို မယူချင်တာနဲ ့......တိုက်ဆိုင်စွာပဲ ၃၅နှစ်ကြာမှ သမီးတယောက်ရှိတယ်ဆိုတဲ ့ စာတစောင်ရောက်လာတဲ့ အခါ ကိုရီးယားကို သမီးရှာပုံတော်ထွက်ခဲ့တယ် ဒီလိုပဲ ကိုရီးယားက bankerလေး ဂန်ဟိုရင်တယောက်က အလုပ်မှာ အနုတ်လက္ခဏာဆောင်နေတဲ ့အပြင် ပွေရှုပ်နေတဲ ့ တကယ်ငပွေးတယောက်.........သူတို ့ ၂ယောက် ဘယ်လိုပတ်သတ်မှုတွေ ရှိလာမလဲဆိုတာ ဟာသလေးတွေနဲ ့ drama ဆန်ဆန်ရိုက်ပြထားလို့ အပျင်းပြေဆိုပေမယ့် တကယ်ကြည့်ကောင်းလား မကောင်းလားဆို ကြည့်ရှုပီး ဆုံးဖြတ်လိုက်ပါ.......

0 comments:

Post a Comment