16 Episdoes
Rating : 6.9/10
Country : South Korean
Genre : Comedy,Romance,Drama,Fantasy
Cast : Moon Chae Won,Go Doo Shim,Yoon Hyun Min,Seo Ji Hoon,Kang Mi Na
အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
ဇာတ်လမ်းအကြောင်းအရာလေးကတော့ ဂိုဂူလျောခေတ်မှာ
စတင်ပါတယ်။
ဆွန်းအိုနမ်ဟာ နတ်သမီးလေး ဖြစ်ပါတယ်။
သူက ဒီကမ္ဘာမြေကြီးဆီဆင်းသက်လာခဲ့ပြီးတော့
ဂျာယောင်းတောင်မှာ ရှိတဲ့ ရေတံခွန်တခုမှာ ရေချိုးနေခဲ့ပါတယ်။
သူရေချိုးနေခဲ့တဲ့အချိန်မှာ သစ်ခုတ်သမား တယောက်ဟာ
သူ့ရဲ့ နတ်သမီးဝတ်စုံတွေကို ယူပြီးတော့ ဝှက်ထားလိုက်ပါတယ်။
အဲဒီ့အတွက် နတ်သမီးလေး ဆွန်းအို့နမ်ဟာ
ကောင်းကင်ဘုံကို မပြန်နိုင်တော့ပါဘူး။
ဒါကြောင့် သူဟာ အဲဒီ့သစ်ခုတ်သမားလေး နဲ့ လက်ထပ်လိုက်ရပြီး ကလေးနှစ်ယောက် မွေးဖွားခဲ့ပါတယ်။
ဒါပေမယ့် သူ့ရဲ့ ယောကျာ်း သစ်ခုတ်သမားလေးဟာ
တနေ့မှာ တောင်စောင်းတခုပေါ်ကနေ ပြုတ်ကျပြီး
အသက်ဆုံးရှုံးခဲ့ရပါတယ်။
ဆွန်းအို့နမ်ဟာ သူ့ရဲ့နတ်သမီးဝတ်စုံတွေကို
ရှာဖွေဖို့ကြိုးစားခဲ့ပါတယ်။
ဒါပေမယ့် သူဟာ အဲဒီအကျီ်တွေ ဘယ်နေရာမှာ ရှိတယ်ဆိုတာကို
မသိခဲ့ပါဘူး။
သူ့ရဲ့ နတ်သမီးဝတ်စုံတွေကို ပြန်ရဖို့ ခင်ပွန်းသည်ဖြစ်သူ
နောင်ဘဝ ပြန်ဝင်စားတာကို စောင့်စားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ခေတ်ကာလအလီလီ ပြောင်းလဲပြီးတဲ့နောက်
ဒီနေ့ခေတ်ကို ရောက်ရှိလာပါတယ်။
ဆွန်းအို့နမ်ဟာ ဂျာယောင်း တောင်နားမှာ
ကော်ဖီဆိုင်တခုမှာ အလုပ်လုပ်နေပြီး
လူပြန်ဝင်စားမယ့်ခင်ပွန်းကို စောင့်ဆိုင်းနေခဲ့ပါတယ်။
နောက်ဆုံးတော့ နှစ်ပေါင်း ၆၉၉ နှစ်ကြာပြီးတဲ့နာက်မှာ
ဆိုးလ်ကနေ သူ့ရဲ့ ကော်ဖီဆိုင်ကို ရောက်လာတဲ့
အမျိုးသားနှစ်ဦးထဲက တစ်ဦးဟာ
သူ့ခင်ပွန်းပြန်ဝင်စားတာဖြစ်တယ်ဆိုတဲ့ ခံစားချက်ကို ရခဲ့ပါတယ်။
ဆွန်းအို့နမ်ဟာ ဘယ်သူက သူ့ခင်ပွန်းလဲဆိုတာ
ဝေခွဲမရဖြစ်နေပါတယ်။
နောက်ဆုံးတော့ ဆိုးလ်မြို့အထိ လိုက်ပြီး
ရှာဖွေဖို့ ကြိုးပမ်းပုံကို ဇာတ်အိမ်တည်ထားပါတယ်။

0 comments:
Post a Comment