16 Episdoes
Rating : 7.8/10
Country : South Korean
Genre : Comedy,Romance,Drama,Family
Cast : Oh Yeon Seo,Ahn Jae Hyun,Kim Seul Gi,Gu Won,Heo Jung Min
Joo Seo Yeon (Oh Yeon Seo) ဟာ အထက်တန်းကျောင်းတစ်ခုရဲ့ ကာယဆရာမတစ်ဦးပါ။ သူဟာ ၂၄ နာရီနဲ့ ၃၆၅ ရက်လုံးကို training uniform ဒါမှမဟုတ် Jeans အဲဒါတွေကိုသာ ဝတ်ဆင်လေ့ရှိပါတယ်တဲ့။ Seo Yeon မှာ ချောမောတဲ့ အစ်ကို ၃ ယောက်လည်းရှိပါတယ်။ ဒါပေမဲ့လည်း Seo Yeon ဟာ ရုပ်ချောတဲ့ကောင်လေးတွေကို မုန်းပါတယ်တဲ့။ သူ့ရဲ့ ideal type ဟာဆိုရင် ရုပ်ရည်မချောမောတဲ့ သာမာန်ကောင်လေးပါတဲ့။ Lee Kang Woo (Ahn Jae Hyun) ကတော့ ချောမောတဲ့ကောင်လေးတစ်ယောက်ပါ။ အသွင်အပြင်ကို စွဲလမ်းတတ်ပြီး အာရုံစိုက်မှုတွေအကြား ပျော်ရွှင်နေတတ်သူတစ်ဦးလည်းဖြစ်ပါတယ်။ ဒါပေမဲ့ Kang Woo ဟာ လွန်ခဲ့တဲ့ ၁၅ နှစ်က ဘယ်သူမှ မသိနိုင်တဲ့ စိတ်ဒဏ်ရာနဲ့ ကောင်လေးပါ။ ကျောင်းဘုတ်အဖွဲ့ရဲ့ သဘာပတိတစ်ယောက်လည်းဖြစ်တဲ့ Kang Woo ဟာ လူတွေရဲ့အာရုံစိုက်မှုနဲ့ ချစ်ခင်မှုကို နှစ်သက်နေတတ်သူဖြစ်ပြီး သူ့ပုံစံကို ပိုပြီးကောင်းမွန်တဲ့ပုံပေါက်အောင် တစ်နေ့မှာ ၁၂ နာရီလောက် အချိန်ကို သုံးဖြုန်းနေတတ်ပါသေးတယ်။ ဒီဇာတ်လမ်းလေးမှာ ဂျူဆောယွန်း(Oh Yeon Seo) ကတော့ ရုပ်ချောတဲ အစ်ကို ၂ ယောက်နဲ့ မောင်တစ်ယောက်ကို ပိုင်ဆိုင်ထားပြီး အစ်ကိုတွေနဲ့ မောင်ရဲ့ ပွေရှုပ်မှုကြားမှာ အမြဲကြားညှပ်ပါရသူပါ သူ့အစ်ကိုတွေနဲ့ မောင်ဖြစ်သူကြောင့် အသည်းကွဲသွားကြတဲ့လူတွကို အမြဲမြင်နေရတဲ့အခါ ရုပ်ချောတဲ့ ကောင်လေးတွေက မကောင်းဘူးလို့ သတ်မှတ်ပြီး ရုပ်ချောတဲ့ ယောက်ျားတွေကို ရှောင်နေခဲ့ပါတယ် လီဂန်ဝူ(Ahn Jae-Hyeon) ကတော့ နိုင်ငံခြားမှာ အကြာကြီး သွားနေပြီးမှ ကိုရီးယားကို ပြန်လာခဲ့တဲ့သူပါ သူအလယ်တန်းတက်တုန်းက အီးထွက်တာကို ကျောင်းသားတွေကအီးပေလို့ နာမည်ပြောင်ခေါ်ခဲ့ကြပါတယ် အဲ့လို ဝိုင်းအခေါ်ခံရတဲ့ လီဂန်ဝူကတော့ သူ့ကို အီးပေဆိုတဲ့ နာမည်ပြောင်ကိုခေါ်တိုင်း တကယ်ဗိုက်နာပြီး အီးပါချင်တဲ့အထိ ဖြစ်တတ်ပါတယ် အဲ့ trauma ကို ကုသဖို့အတွက် trauma စ ဖြစ်အောင်လုပ်ခဲ့တဲ့ သူနဲ့ ပြန်ကုစားမှ ရမှာပါ ဒါကြောင့် သူ့ကို trauma ဖြစ်အောင်လုပ်ခဲ့တဲ့သူကို ရှာဖို့ အလယ်တန်းကျောင်းသားတွေ့ဆုံပွဲကို သူ သွားခဲ့ပါတယ် သူ့ကို trauma ဖြစ်အောင်လုပ်ခဲ့တဲ့သူက သူ့အချစ်ဦး ဂျူဆောယွန်းဖြစ်နေတဲ့အခါ… သူတို့တွေ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ Love With Flaws ဆိုတဲ့ Comedy,Romance series လေးမှာ ဆက်လက်ကြည့်ရှုကြပါနော်
0 comments:
Post a Comment