8 Episdoes
Rating : 8.0/10
Country : South Korean
Genre : Friendship,Comedy,Romance,School,Youth,Drama
Cast : Kim So Hyun,Ja Ga Ram,Song Kang
Comic Artist တစ်ယောက်ဖြစ်တဲ့ ဆရာမ Chon Kye-Young ရဲ့ Love Alarm လို့အမည်ရတဲ့ webtoon ကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်...
ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင် -
ကိုယ်နဲ့ ၁၀ မီတာ ပတ်လည်အတွင်းမှာ ရှိတဲ့ လူတွေထဲက ကိုယ့်ကို ကြိုက်နေတဲ့သူရှိရင် အသံထမြည်တဲ့ Love Alarm ဆိုတဲ့ Mobile App လေးက လူငယ်တွေကြားမှာ ခေတ်စားပါတယ်...
လှပပြီးထက်မြတ်တဲ့ အထက်တန်း ကျောင်းသူလေး ကင်ဂျိုဂျို (Kim So Hyun) က အပြင်ပန်းမှာတော့ တတ်ကြွပျော်ရွှင်နေတဲ့ပုံပေါက်ပေမဲ့ တကယ်တော့ မိဘတွေဆုံးသွားပြီး နောက်မှာ အဒေါ်မိသားစုနဲ့ အငြိုငြင်ခံပြီး အတူတူနေနေရတာပါ... သူရဲ့ဖုန်းထဲမှာတော့ နာမည်ကြီးနေတဲ့ Love Alarm ဆိုတဲ့ application မရှိပါဘူး...
ဟွမ်ဆွန်းအို (Song Kang) ကတော့ ဂျိုဂျိုတတ်တဲ့ အထက်တန်းကျောင်းမှာ ပေါ်ပြူလာအဖြစ်ဆုံး ကျောင်းသားတစ်ယောက်ပါ.. သူ့ရဲ့အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ လီဟယ်ယောင်း (Jung Ga Ram) က ဂျိုဂျို့ကို သဘောကျနေကြာင်း ဟွမ်းဆွန်းအို သိလိုက်ရတဲ့အခါ သူတို့ သုံးယောက်ကြားမှာ ဘာတွေ ဆက်ဖြစ်ကြမလဲ?
လူတစ်ယောက်ရဲ့ ဖုန်းကွယ်သင့်/မကွယ်သင့်သော ခံစားချက်မှန်သမျှက mobile application တစ်ခုဆီမှာ သိရနေသောအခါ ဘာတွေ ဆက်ဖြစ်ကြမလဲ? ထို application လေးကြောင့် ဖြစ်လာမယ့် ကောင်းကျိုး ဆိုးကျိုးတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်...
Rating အရ ကြည့်မယ်ဆိုရင် MyDramaList မှာ 7.9/10 ရရှိထားကာ လူငယ်တွေအကြိုက်တွေ့စေမယ့် ကျောင်းနောက်ခံ romance ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်...

0 comments:
Post a Comment