16 Episdoes
Rating : 8.4/10
Country : South Korean
Genre : Action,Friendship,Thriller,Law,Crime,Family,Tragedy,Investigation
Cast : Lee Shi Young,Kim Young Kwa...,Kim Tae Hoon,Kim Seul Gi,Key
အပိုင်းအနေနဲ့(၁၆)ပိုင်းပါဝင်ပြီး ဇာတ်လမ်းအမျိုးအစားက Drama,Action,Thriller ဖြစ်တဲ့အတွက် လူတိုင်းလိုလို ကြိုက်နှစ်သက်ကြမယ့် ဇာတ်လမ်းကောင်းလေးဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်။
အဓိကသရုပ်အဆောင်အနေနဲ့ အောင်မြင်ကျော်ကြားတဲ့မင်းသားချော၊"Gogh, The Starry Night" နဲ့ "Sweet Stranger and Me" အစရှိနဲ့ ဇာတ်လမ်းတွဲတွေမှာလည်း သရုပ်ဆောင်ခဲ့တဲ့ Kim Young-Kwang ဖြစ်ပါတယ်။မင်းသမီးကတော့ "My Beautiful Bride"ဇာတ်လမ်းတွဲမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး Lee Si-Young ဖြစ်ပါတယ်။
နောက်ထပ်အားဖြည့်ပေးမယ့် အရံသရုပ်ဆောင်တွေကတော့ Kim Tae-Hoon, Kim Seul-Gi နဲ့ K-popအဆိုတော် "KEY" လို့ နာမည်တွင်တဲ့ SHINee ဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းလေးကို ဆက်ဖတ်ကြည့်လိုက်ရအောင်။
ဒီဇာတ်လမ်းတွဲမှာ လူတွေဟာကိုယ်ချစ်လူတစ်ယောက်ကို တစ်ယောက်ယောက်ကလုပ်ကြံလိုက်လို့ ဆုံးရှုံးရတဲ့အခါ ပြီးတော့ လုပ်ကြံတဲ့သူကအပြစ်ဒဏ်လည်းမကျတဲ့အခါ အဲ့ဒီလူအနေနဲ့ ဘယ်လိုခံစားရမလဲဆိုတာကို မီးမောင်းထိုးပြထားတယ်။ လူတွေရဲ့ အကျင့်စာရိတ္တတွေက ပျက်စီးချို့ယွင်းလာကြတယ်။ အဲ့ဒီလိုလူတွေ ဟန်ဆောင်ကောင်းလာကြတယ်။ လူတွေရဲ့သဘောသဘာဝကို ဘက်ပေါင်းစုံကနေ ရိုက်ပြထားတဲ့ ဇာတ်လမ်းတွဲလေးဖြစ်တဲ့အတွက်မို့ စောင့်မျှော်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။

0 comments:
Post a Comment