Little Women (2019)

Rating : 7.9/10
Country : United State
Genre : Drama, Romance 
Cast : Saoirse Ronan, Emma Watson, Florence Pugh   
Released Date : 2019
Duration : 2h 15min

 Little Women ဇာတ်ကားလေးဟာ စာရေးဆရာမ Lousia May Alcott ရဲ့ စာအုပ်ကောင်းလေးကို ရုပ်ရှင်အဖြစ်အသက်သွင်းထားတာပါ။ အော်စကာဇကာတင်အနေနဲ့လဲ ဇာတ်ဆောင်ဆုကစလို့ အများကြီးဇကာတင်စာရင်း ဝင်ထားလို့ လက်မလွှတ်သင့်တဲ့ကားလေးပါ။
အမေရိကန် ပြည်တွင်းစစ်ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ ဖခင်ကိုမျှော်ရင်း ရှင်သန်နေတဲ့ ညီအစ်မလေးယောက်ကို သရုပ်ဖော်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ ညီအစ်မလေးယောက်က တစ်အူထုံဆင်းဖြစ်ပေမဲ့ တစ်ယောက်စရိုက်တစ်မျိုးစီနဲ့ စိတ်ဝင်စားစရာကောင်းလှပါတယ်။
အကြီးမ မက်ဂ်က အချောဆုံးနဲ့ အလှအပလဲမက်မောသူလေး
ဒုတိယ ဂျိုးက အဖေနဲ့လိုက်ပြီး စစ်တိုက်ချင်တယ်ဆိုတဲ့ ယောကျ်ားဆန်သူစာရေးဆရာမလေး
တတိယတစ်ယောက် ဘက်ကတော့ မိသားစုထဲမှာ အအေးဆုံးနဲ့ အလိမ္မာဆုံးလေး
အငယ်လေးအေမီကတော့ ငယ်ပေမဲ့စကားလုံးကြီးတွေပြောတတ်ပြီး ပန်းချီဆရာမလေးဖြစ်ချင်သူလေး

အိပ်မက်တွေကိုယ်စီနဲ့ ဒီညီအစ်မလေးယောက်ဘဝကို ဆယ်ကျော်သက်ကစလို့ မိန်းမပျိုလေးတွေဖြစ်တဲ့အထိ သူတို့အိပ်မက်တွေ ပုံစံအမျိုးမျိုးပြောင်းလဲလာသည်အထိ လှပစွာရိုက်ကူးပုံဖော်ထားတာပါ။ မိသားစုမေတ္တာဖွဲ့ပုံစံလေးဖြစ်ပေမဲ့ အရမ်းချစ်တယ်တဖွဖွပြောပြီး အိုဗာတွေနဲ့ပျင်းစရာတော့ မဟုတ်တာလုံးဝသေချာပါတယ်။ ညီအစ်မလေးယောက်မေတ္တာကို လေးယောက်ပေါင်းမွှေခဲ့တာတွေ ၊ တစ်ယောက်နဲ့တစ်ယောက်ရန်ဖြစ်ကြပြီး နင့်ကိုဘယ်တော့မှ ပြန်မတွေ့ချင်ဘူးဆိုတဲ့ အခိုက်အတန့်လေးတွေ၊ မိသားစုအတွက် ပိုက်ဆံရအောင် ဆံပင်ဖြတ်ရောင်း ဘာမှမဖြစ်ပါဘူးပြောပြီး ညကျမှဆံပင်လေးတွေနှမြောလို့ ကျိတ်ငိုရတဲ့အဖြစ်အပျက်လေးတွေနဲ့ဖော်ပြထားပြီး အားလုံးရဲ့ရင်ထဲကို ညီအစ်မလေးယောက်က ဝင်ရောက်လာမှာမို့လို့ ကြည့်ရှုခံစားလိုက်ပါဦးနော်။ ကျွန်တော်ချစ်တဲ့မင်းသမီးလေး Emma Watson လဲပါပါတယ်ဗျ။ ကျွန်တော်ကတော့ သူ့ကိုချစ်လို့ကြည့်နေပါပြီ။

0 comments:

Post a Comment