Light Diary (2017)

28 Episdoes

Rating : 8.0/10
Country : South Korean
Genre : Historical,Romance,Drama,Melodrama
Cast : Lee Young Ae,Song Seung Heon,Oh Yoon Ah,Yoon Da Hoon

ယခုသီတင်းပတ်မှစတင်ကာ တောင်ကိုရီးယားနိုင်ငံ၏ နာမည်ကျော် SBS ရုပ်သံလိုင်းမှ ထုတ်လွှင့်ြ့ပသ မည့် ချန်ဂင်ဟု လူသိများသော မင်းသမီး လီယောင်အေး ပါဝင်သည့် သမိုင်းကြောင်းနောက်ခံ ဒရမ်မာ ဇာတ်လမ်းတွဲဖြစ်သည်။ ဇာတ်လမ်းတွဲတစ်ခုလုံးကို ကြိုတင်ရိုက်ကူးပြီးမှ ထုတ်လွှင့်ပြသခြင်း ဖြစ်သည်။ ကိုရီးယားနိုင်ငံ ၏ ရှေးခေတ် ဂျိုဆွန်းခေတ်တွင် နာမည်ကျော်ကြားခဲ့သော ပုံတူပန်းချီဆရာမ ဆာအင်းဒမ် ၏ ဘဝဇာတ်ကြောင်းကို ယနေ့ခေတ်မှ ပါမောက္ခအမျိုးသမီးတစ်ဦး၏ ဘဝခံစားချက်နှင့် ယှဉ်ကာ ဇာတ်လမ်းပုံဖော် ရိုက်ကူးထားသည်။ နာမည်ကျော်အနုပညာရှင် ဆာအင်ဒမ်ကို ဂုဏ်ပြုလျှက် ၄င်း၏ ပုံရိပ်ကို ကိုရီးယားဝမ် ၅ သောင်းတန်တွင် ရိုက်နှိပ်ဖော်ပြထားသည်။
ကိုရီးယာအနုပညာသမိုင်းနှင့် အမျိုးသမီးပန်းချီအနုပညာရှင် ဆာအင်းဒန်၏ အကြောင်းကို အထူးပြုလေ့လာနေသူဖြစ်သော ပါမောက္ခ ဆောဂျီယွန်းသည် ထူးဆန်းအံ့သြဖွယ် ပုံတူပန်းချီအနုပညာ၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ခဲ့သည်။ ဂျိုဆွန်းခေတ်မှ ဆာအင်းဒမ် အကြောင်းကို့လေ့လာခဲ့ရာမှာ ထို အနုပညာရှင်သည် ပါရမီရှင်ဖြစ်ပြီး အချစ်ကိုတန်ဖိုးထားသူမှန်းသိလိုက်ရသည်။ တစ်နေ့တွင် ထိုအကြောင်းကို စိတ်စွဲလမ်းလွန်းရာမှ ဂျိုဆွန်းခေတ်သို့ ပါမောက္ခဆောဂျီယွန်း ရောက်ရှိခဲ့ပြီး ငယ်စဉ်ကတည်းက စတင်ကာ သစ္စာရှိ ချစ်သူတစ်ဦးဖြစ်ခဲ့သည့် လီဂွန်းဆိုသူနှင့် တွေ့ဆုံခဲ့ရာမှ မည်သူကမှ ဖော်ထုတ်ထားခြင်းမရှိသေးသော သမိုင်းဝင် အနုပညာမြောက်အချစ်ပန်းချီကားတစ်ချပ်ကို ရှာဖွေတွေ့ရှိခဲ့တော့သည်။

0 comments:

Post a Comment