Life on Mars (2018)

16 Episdoes

Rating : 8.9/10
Country : South Korean
Genre : Action,Suspense,Mystery,Psychological,Comedy,Drama,Supernatural,Detective
Cast : Jung Kyung Ho,Park Sung Woo,Go  Ah Sung,Oh  Dae Hwan,Noh Jong Hyun


အခုခေတ်က စုံထောက်ခေတ်လို့တောင် ပြောလို့ရတယ်နော် … အသစ်ထွက်တဲ့ KDrama တိုင်းက စုံထောက်ကားကြီးပဲ … ဒီကားလေးကတော့ 2006 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ UK Series တစ်ခုဖြစ်တဲ့ Life on Mars ကိုပဲ အခြေခံပြီး ပြန်လည်ရိုက်ကူးထားတာပါ …

ဇာတ်လမ်းလေးကတော့ –

ဟန်ထေးဂျို ( Han Tae Joo ) ဟာ ဒေသဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဌာန ( RIU ) က စုံထောက်တစ်ယောက်ပါ … ရုပ်ရည်ချောမောတယ် , အရည်အချင်းရှိတယ် ဒါပေမဲ့ သူ့လုပ်ရပ်မှ မှန်တယ်ဆိုပြီး ယူဆတတ်တယ့် တစ်ကိုယ်ကောင်းဆန်တဲ့သူပေါ့ …

တစ်ရက်မှာ လက်သည်းဆိုးနီ လူသတ်မှု ဆိုတဲ့ လူသတ်မှုတစ်ခုကို ဖော်ထုတ်ခွင့်ရခဲ့တယ် … မိန်းကလေးတွေကို စိတ္တဇဆန်ဆန်လိုက်သတ်ပြီး သေသူရဲ့ လက်သည်းမှာ လက်သည်းဆိုးနီလေး ပြန်ဆိုးပေးခဲ့တဲ့ အမှုပေါ့ …

သက်သေအထောက်အထားတွေကိုလိုက်ရင်း သာမန်လူသတ်မှု တစ်ခုမဟုတ်ပဲ ကွင်းဆက်လူသတ်မှုတစ်ခုဆိုတာ သိလိုက်ရတယ် … အဲ့အမှုကို လိုက်ရင်း သူ့ရဲ့ ရည်းစားဟောင်း ရှေ့နေ့မလေးကို လူသတ်တရားခံလို့ ယူဆထားရတဲ့သူက ပြန်ပေးဆွဲခဲ့ပါတယ် … ထိုကောင်မလေးကို ကယ်တင်ဖို့ ကြိုးစားရင်း စုံထောက် ဟန်ထေးဂျို တစ်ယောက် သေနတ်ဒဏ်ရာရရှိကာ …

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ အိုလံပစ်အားကစား ပြိုင်ပွဲကျင်းပခဲ့စဉ်ကာလ ၁၉၈၈ သို့ ရောက်ရှိသွားပါတယ် … အဲ့နောက်မှာတော့ ထိုကာလ ၁၉၈၈ ခုနှစ်မှာ ၂၀၁၈ ခုနှစ်မှာ ရင်ဆိုင်နေရတဲ့ လူသတ်မှုမျိုးကို တွေ့ရှိခဲ့ရပါတယ် … ဒါကြောင့် သူ ၁၉၈၈ ခုနှစ်ကို ပြန်ရောက်နေရတဲ့ အကြောင်းပြချက်က ထိုကွင်းဆက်လူသတ်မှုရဲ့ ဇာစ်မြစ်ကို ဖော်ထုတ်ဖို့ပဲ ဆိုတဲ့ အချက်ကို သိရှိလိုက်ပြီးတဲ့အခါမှာတော့ ……..

Rating အရ MyDramaList မှာ 8.7 အထိ ရရှိထားတဲ့ Fantasy , Crime Drama တစ်ခုပါ …

0 comments:

Post a Comment