Life on the Line (2015)

Rating : 5.2/10
Country : United State
Genre :  Action, Thriller 
Cast :    John Travolta, Kate Bosworth, Devon Sawa
Released Date : 2015
Duration :  1h 37min

ဒီနေ့ရုပ်ရှင်အကြိုကဏ္ဍမှာတော့ အမေရိကန် သည်းထိတ်ရင်ဖို အက်ရှင်ဇာတ်ကားသစ်လေးအကြောင်း ဖော်ပြပေးလိုက်ပါတယ်။ လျှပ်စစ်မီးသမားတွေရဲ့ ဘဝကို ဖော်ညွှန်းရိုက်ကူးထားတဲ့ မိသားစုဇာတ်ကားလေးဖြစ်တာမို့ ပရိသတ်တွေအတွက် အပြောင်းအလဲလေးဖြစ်စေမှာပါ။

မိုးတွေသည်းတဲ့ နေ့တစ်နေ့မှာ ဓာတ်ကြိုးတွေပေါ် သစ်ပင် ကြီးတစ်ပင်လဲကျခဲ့တာကြောင့် လျှပ်စစ်လုပ်သား လိုင်းမန်းတွေ အရေးပေါ်ပြေးပြီး ရှင်းလင်းြကရာမှာ ဓာတ်တိုင်ကို မိုးကြိုးပစ်ချခဲ့တာကြောင့် လိုင်းမန်းတစ်ယောက် ဓာတ်လိုက်သေဆုံးခဲ့ပါတယ်။ လိုင်းမန်းရဲ့ ဇနီးဟာလည်း ခင်ပွန်းဖြစ်သူ အရေးပေါ်ဖြစ်တဲ့ နောက်ကိုလိုက်ရင်း ကားအက်ဆီးဒင့်ဖြစ်ပြီး သေဆုံးခဲ့တဲ့အတွက် ဘေလီဆိုတဲ့သမီးတစ်ယောက် ကျန်ခဲ့ပါတယ်။

လိုင်းမန်းဘိုဟာ မိဘနှစ်ပါးစလုံး သေဆုံးခဲ့တဲ့ သူ့တူမဘေလီနဲ့အတူ သွားနေပေးခဲ့ပါတယ်။ ဘိုဟာ အရင်တုန်းက လမ်းသရဲ ဆိုင်ကယ်သမားတစ်ယောက်က နေ လိုင်းမန်းအဖြစ် အလုပ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဘိုဟာ သူ့ ကုမ္ပဏီမှာ အလုပ်ဝင်လာတဲ့ လိုင်းမန်းတွေကို သင်ကြားပေးခဲ့ရပြီး အန္တရာယ်များလှတဲ့ ဓာတ်တိုင်တွေပေါ်တက်ပြီး မီးကြိုးတွေပြုပြင်ရာမှာ အန္တရာယ်ကို ကာကွယ် ပေးမယ့် ဝတ်စုံမဝတ်ဆင်ရင်ပဲ ဖြစ်ဖြစ်၊ အသက် ပေးဆပ်ရတတ်တယ်ဆိုတာတွေကို သင်ကြားပြသပေးခဲ့ပါတယ်။ အဲဒီလူသစ်တွေထဲမှာ သူ့တူမကို သဘောကျနေတဲ့ ဒန်ကန်ဆိုသူတစ်ယောက် လည်း ပါပါတယ်။

ဘိုကတော့ ဒန်ကန်ကို လုံးဝ ကြည့်မရဘဲ ဘေလီကိုလည်း ဒန် ကန်နဲ့ ခပ်ဝေးဝေးနေဖို့ ပြောခဲ့ပါ တယ်။ နောက်တော့လည်း ဘေ လီနဲ့ ဒန်ကန်တို့ ချစ်ကြိုက်ခဲ့တာ မို့ ဘိုခွင့်လွှတ်ပေးခဲ့ရပါတယ်။ တစ်ရက် မုန်တိုင်းအကြီးအကျယ် ကျပြီး မီးတွေပြတ်တောက်ချိန်နဲ့ တိုက်ဆိုင်စွာပဲ ကိုယ်ဝန်သည် ဘေလီသွေးသွန်တာကြောင့် အ ရေးပေါ်ခွဲခန်းဝင်ခဲ့ရပါတယ်။

ခွဲစိတ်နေတုန်း မီးတွေပြတ် နေတဲ့အတွက် ဒုက္ခတွေတွေ့ရ ချိန်မှာ ဘိုတို့လိုင်းမန်းတွေဟာ လည်း လျှပ်စစ်မီးပြန်ရဖို့အတွက် အသည်းအသန်ကြိုးပမ်းနေခဲ့ပါ တယ်။ နောက်ဆုံး လျှပ်စစ်မီး ပြတ်တောက်ခြင်းရဲ့အဖြေကိုသိ သွားတဲ့ဘိုဟာ ဓာတ်အားပေးစင် ကြီးပေါ်တက်ပြီး မရတဲ့အဆုံး အ သက်ဆုံးရှုံးခံပြီး လုပ်ဖို့ဆုံးဖြတ်ခဲ့ ပါတော့တယ်။

အသက်ကိုပေးဆပ်ပြီး အ လုပ်လုပ်နေကြတဲ့ လိုင်းမန်းတွေ ရဲ့ ဘဝပုံရိပ်တွေကို သိရှိခံစားရ မှာဖြစ်သလို မိသားစု ဘဝတွေ ဖြတ်သန်းရပုံတွေကိုပါ တွေ့ရ မယ့် ဒီဇာတ်ကားလေးမှာ ဘိုအ ဖြစ် ဂျွန်ထရာဗိုလ်တာ၊ ဘေလီ အဖြစ် ကိတ်ဘော့စ်ဝေါ့သ်၊ ဒန် ကန်အဖြစ် ဒီဗွန်ဆာဝါ စတဲ့သရုပ်ဆောင်တွေ ပါဝင်ထားကြပါ တယ်။ ။

0 comments:

Post a Comment