Kill Your Darlings (2013)

Rating : 6.5/10
Country : United State
Genre :  Biography, Drama, Romance
Cast :  Daniel Radcliffe, Dane DeHaan, Michael C. Hall 
Released Date : 2013
Duration :  1h 44min 

၁၉၄၀ပြည့်နှစ်များဆီက ကဗျာဆရာလေးတစ်ဦးရဲ့ဘဝဇာတ်ခုံပေါ်ကတစ်စိတ်တစ်ဒေသကိုရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ် ။အယ်လန်ဂင်းစဘတ်လို့ခေါ်တဲ့ကဗျာဆရာလေးတစ်ယောက်ကိုလမ်ဘီယာတက္ကသိုလ်မှာပညာသင်ကြားသင်ကြားခွင့်ရခဲ့ပါတယ် ။ကျောင်းမှာ လူစီယန်ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့
ပတ်သက်ဆက်နွယ်မိရာကနေ ထူးခြားတဲ့ခံစားချက်များနဲ့အတူပြောင်းလဲမှုများစွာကိုကြုံတွေ့ရင်ဆိုင်ခဲ့ရပါတယ်။လူစီယန်ရဲ့သူမတူတဲ့ပြောဆိုဆက်ဆံမှုတွေကြားမှာအယ်လန်တစ်ယောက် နစ်မြောစီးဝင်ရင်းနဲ့ပဲဘယ်လိုအဆုံးသတ်ကိုရောက်ရှိလာမယ်ဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်။ဒီမှာ ကြည့်ရှုသူအားလုံးကိုမေတ္တာရပ်ခံချင်တာကတော့ကဗျာစာသားတွေပါဝင်တဲ့အခါမှာ ပြန်ဆိုထားသူအနေနဲ့အနီးစပ်ဆုံးပြန်ဆိုထားတာဖြစ်တာကြောင့်ကဗျာရဲ့တန်ဖိုးကိုလျော့ကျမိသွားခဲ့သည်ရှိသော်တောင်းပန်ပါတယ်လို့ၾကိဳတင္စကားခံထားပါရေစ။ကိုယ်တိုင်ကလဲ ကဗျာများကိုကြိုက်နှစ်သက်သူတစ်ဦးဖြစ်တာကြောင့်ကြည့်ရှုသူများထဲမှာ ပိုမိုကောင်းမွန်တဲ့ပြန်ဆိုမှုများလဲ ရှိနိုင်တာကြောင့်ဒီတစ်ခုတော့ အနူးအညွတ်မေတ္တာရပ်ခံချင်ပါတယ်ဟယ်ရီပေါ်တာမင်းသားလို့လူသိများတဲ့Daniel Radcliffe ကခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်ထားပါတယ်။ဆယ်ကျော်သက်အရွယ်ကတည်းကကြိုက်နှစ်သက်ခဲ့ရတဲ့မင်းသားကိုကဗျာဆရာတစ်ဦးအဖြစ်ဒီဇာတ်ကားမှာမြင်တွေ့ရမှာဖြစ်ပါတယ်။

0 comments:

Post a Comment